Ticker

6/recent/ticker-posts

#ကြွက်တက်ခြင်း#

 May be an image of 1 person and text that says "ကြွက်တက်ခြင်း"

ကြွက်တက်ခြင်း(Cramps)သည် လူ၏ခန္ဓာကိုယ်မှ ကြွက်သားများ ပင်ပန်းသွား၍ တင်းလွန်းကာ ဖြစ်ပေါ် လာသော ဝေဒနာဖြစ်သည်။ အားကစား သမားများ အထူးသဖြင့် ဘောလုံးသမားများ ဖြစ်တတ် ပါသည်။

 
အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးရှိသည်။ ခြေသလုံးနှင့် ပေါင်က ကြွက်သား အဖြစ်များ ဆုံးဟု သိရသည်။ အလွန်မတန် နာလှသည်။ အိပ်နေရင်း နာတာမျိုးသည် ခြေ-လက်ကို အညောင်းဆန့်ရာမှ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာခြင်း ဖြစ်သည်။ အသက်ကြီးသူတွေ အဖြစ်များသည် ဆိုသော်လည်း ဆယ်ကျော်သက်တွေလည်း ဖြစ်တာပါသည်။ အေးသည့်အချိန် ပိုဖြစ်တတ်ပါသည်။
 
အဝလွန်ခြင်း၊ ရေနှင့် ဓာတ်ဆား နည်းသွားခြင်း၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားခြင်း၊ သွေးအလျှောက် နည်းခြင်း၊ အာရုံကြော-ကြွက်သား တခုခုဖြစ်ခြင်း၊ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနှင့် လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးသည်။
ကိုယ်ဝန်ဆောင်ချိန်၊ ဆား အစားနဲလျှင်၊ ချေွးထွက်များလျှင် ကြွက်သားများ နာတတ်ပါသည်။
 
#ကုသနည်း
ကြွက်တက်လျှင် ဖြစ်သည့်ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်သည်။ တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးလျှင် ကြွက်သားကို သူ့အကြော အတိုင်း ခပ်ဖော့ဖော့ဆက်နှိပ်ပေးပါ။ ဆရာဝန်များနှင့် ကူသောလူများထက် ခံရသောလူက ဘာလုပ်ပေးလျှင် ကောင်းမယ်ဆိုတာ ပိုသိသည်။ နာသည့်နေရာ နှိပ်ပြီးတာနှင့် အေးတာကပ်ပါ။ ရေ၊ ORS ဓာတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနှင့်။ 
 
ဘယ်အားကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ် ပြင်းပြင်းထန်ထန် မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။Paracetamol, Ibuprofen, Diclofenic ဆေး။ ကြွက်တက်ခြင်းကို Quinine (ငှက်ဖျားဆေး) အပြင် Naftidrofuryl, Dihydropyridine, Phenylalkylamine ဆေးများနှင့်လည်း ကုနိုင်သည်။
 
#အစားအစာ
အုန်းရည် တလုံး-နှစ်လုံး သောက်လိုက်ပါ။ ရေနွေးကြမ်း အမြဲသောက်ပါ။ ရေနွေးနှင့် ရေချိုးသင့်သည်။ ဓာတ်ဆား ကြွယ်ဝသော အစာများ စားသုံးရမည်။
(ကယ်လ်စီယမ်) ကြွယ်သော ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊ မုံလာစိမ်း။ (ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီးတောင့်၊ မုံလာဥချို။
 
#ကာကွယ်နည်း
ကြွက်တက်တတ်သူများ အိပ်လျှင် ခြေထောက်အောက်က အခုအခံ ထားသင့်သည်။
အိပ်ပျော်နေတုံး ခြေမ-ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်သည်။ မအိပ်ခင် ဘယ်မှမရွေ့သော လေ့ကျင့်ခန်းလုပ်ပေးသင့်သည်။
အကောင်းဆုံးက ခြေသလုံးများကို ဆုပ်နယ်ခံပြီးမှ အိပ်လျှင် ဇိမ်လည်းကျပြီး ကြွက်လည်း မတက်နိုင်ပါ။

Post a Comment

0 Comments