Ticker

6/recent/ticker-posts

နှာခေါင်းတွင် အဖြစ်များတဲ့ ရောဂါ?

 .

 Sinusitis Causes, Symptoms & Treatment | Sacramento ENT

  • အနံ့အရသာ ခံလို့ မရတာ

အနံ့မရတဲ့သူက အရသာပါ လိုက်ပျောက်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ပြီး နောက်ဆက်တွဲ အနေနဲ့ အနံ့ ပျောက်တာ (ဥပမာ ကိုဗစ်၊ တုပ်ကွေး) ဖြစ်နိုင်သလို ဦးခေါင်းထိခိုက်မိတာ၊ စွဲသောက်နေတဲ့ ဆေးတွေ ကြောင့် မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုပေးရပါတယ်။

  • နှာခေါင်းသွေးလျှံတာ

နှာခေါင်း သွေးလျှံစေတဲ့ အဓိက အကြောင်းရင်းနှစ်ချက်ကတော့ ရှူတဲ့လေခြောက်သွေ့တာနဲ့ နှာခေါင်း နှိုက်တာပဲဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ၊ ထိပ်ကပ်နာ၊ သွေးရောဂါ၊ ပြင်ပပစ္စည်းတစ်ခုခု ဝင်နေတာ၊ နှာနုရိုး စောင်းနေတာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် နှာခေါင်းသွေးလျှံလာရင် အရင်သွေးတိတ်အောင် လုပ်ပါ။ သွေးမတိတ်ရင်၊ ခဏခဏလျှံနေရင် ဆရာဝန်နဲ့ ပြသပါ။

  • နှာရည်ယိုတာ

နှာရည်ယိုတယ်ဆို အရောင်ကို သေချာကြည့်ပါ။ သာမန်ပဲ ဒါမှမဟုတ် ဓာတ်မတည့်တာကြောင့်ဆိုရင် အကြည်ရောင်ပါ။ အဖြူဆိုရင် အအေးမိတာ၊ ထိပ်ကပ်နာ ဖြစ်တတ်ပါတယ်။ အစိမ်းတို့၊ အဝါတို့ဆိုရင် ဘက်တီးရီးယားပိုးဝင်တာပါ။ အနီ၊ အညိုဆိုရင်တော့ နှာရည်နဲ့ သွေးနဲ့ ရောတာ ဖြစ်နိုင်ပါတယ်။ အမည်းရောင် ကတော့ ဆေးလိပ်သောက်တဲ့သူတွေ၊ မှိုပိုးဝင်တဲ့ သူတွေမှာ တွေ့ရပါတယ်။

  • နှာနုရိုးစောင်းတာ

နှာနုရိုးစောင်းပြီး နှာခေါင်းပေါက် နှစ်ဖက် မညီတာမျိုးပါ။ မွေးရာပါလည်း ဖြစ်နိုင်သလို၊ ထိခိုက်မိလို့ နှာနုရိုး ကျိုးပြီး စောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ နည်းနည်းပါးပါးစောင်းတာဆို မသိသာပေမယ့် တော်တော် ကြီးစောင်းနေမယ်ဆိုရင် နှာခေါင်းတစ်ဖက်ပိတ်တာ၊ အိပ်တဲ့အခါ အသက်ရှူသံပြင်းတာ၊ မျက်နှာ နာတာ၊ တစ်ဖက်တည်းစောင်းအိပ်တာစတဲ့ လက္ခဏာတွေပြပါတယ်။ မျက်နှာထိခိုက်မိပြီးလို့ ဒီလက္ခဏာ တွေရှိနေရင် နှာနုရိုးကို တစ်ချက်စစ်ကြည့်ပါ။


  • နှာခေါင်းအသားပို

နှာခေါင်းအသားပိုက လူငယ်နဲ့ လူလတ်ပိုင်းအရွယ်မှာ အတွေ့ရများပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ နာတာရှည်ထိပ်ကပ်နာနဲ့ တွဲတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဘာကြောင့် မှန်းမသိဘဲ အချိန်ကြာကြာ နှာရည်ယို၊ နှာပိတ်မယ်၊ မျက်နှာတွေ တင်းပြီး နာနေမယ်၊ အနံ့ အရသာ တွေ ပျောက်သွားမယ်ဆိုရင် နှာခေါင်းအသားပိုကို သတိထားသင့်ပါတယ်။

  • ထိပ်ကပ်နာ

နှာခေါင်းပတ်လည်မှာ လေအိတ်လေး ၄စုံရှိပါတယ်။ ဒီလေအိတ်လေးတွေထဲကို ပိုးဝင်သွားတဲ့အခါ ထိပ်ကပ်နာဆိုတာ ဖြစ်လာပါတယ်။ နှာပုပ်ရည်တွေ ကျပြီး နှခေါင်းနဲ့ မျက်လုံးနားက အရိုးလေးတွေ တင်းပြီး နာနေတတ်ပါတယ်။ များသောအားဖြင့် အအေးမိတာက စပြီး ဖြစ်တတ်ပါတယ်။ ၁၂ပတ်ကျော်ရကင်တော့ နာတာရှည် ထိပ်ကပ်နာလို့ သတ်မှတ်ပါတယ်။

  • ဓာတ်မတည့်တာကြောင့် မဟုတ်ဘဲ နှာရည်ယိုခြင်း

လေထဲက ပါလာတဲ့ အမှုန်အမွှားတွေ၊ အနံ့ပြင်းပြင်းတွေ၊ စားစရာတွေ၊ ဆေးတွေ၊ ရာသီဥတု အပြောင်း အလဲကြောင့် ဖြစ်တတ်ပါတယ်။ Nonallergic rhinitisလို့ ခေါ်ပါတယ်။ သာမန်နှာရည်ယို၊ နှာပိတ်တာလောက်ပဲ ဖြစ်ပါတယ်။ ဓာတ်မတည့်တာကြောင့် ဖြစ်တာမဟုတ်လို့ နှာခေါင်းယားတာ၊ လည်ချောင်းယားတာ မဖြစ်ပါဘူး။

Takeaways

နှာခေါင်း မှာလည်း ရောဂါပေါင်းစုံဖြစ်နိုင်ပြီး လက္ခဏာတွေက ဆင်တူလေးတွေပါ။ ဒီထဲက လက္ခဏာ တစ်ခုခုကို အချိန်ကြာကြာခံစားနေရရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေ ကုသသင့်ပါတယ်။ (Crd: hellosayawan)

Post a Comment

0 Comments