Ticker

6/recent/ticker-posts

မျက်စိကျန်းမာဖို့ ဆောင်ရန်၊ ရှောင်ရန်များ?

 Eyestrain | Johns Hopkins Medicine

လူသားတိုင်း ကိုယ့်ကျန်းမာရေးကို အမြဲဂရုစိုက်သလို မျက်စိကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ နေ့စဉ် ကိုယ်ပြုမူလုပ်ဆောင်နေတဲ့ အရာတွေက မျက်စိအပေါ်မှာ သွားပြီး သက်ရောက်မှုရှိနေပါတယ်။ မျက်စိမှုန်တာ၊ မျက်စိအားနည်းတာ အစရှိတဲ့ အမြင်အာရုံဆိုင်ရာ ကျန်းမာရေးပြဿနာတွေ မဖြစ်လာစေဖို့ နေ့စဉ် ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
 
၁။ နေ့စဉ် အစာအာဟာရကို ဂရုစိုက်ပါ။
 ကိုယ်ခန္ဓါ ကျန်းမာစေဖို့အတွက်မှ မဟုတ်ပါဘူး။ မျက်စိကျန်းမာရေးအတွက်လည်း အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ဂရုစိုက်ပြီး စားသင့်ပါတယ်။ မျက်စိအားကောင်းစေတဲ့ Omega-3 fatty acid ငါးကြီးဆီ၊ ဗီတာမင် A ၊ ဗီတာမင် C နဲ့ ဗီတာမင် E ပါဝင်တဲ့ အစားအစာတွေကို များများ စားပေးသင့်ပါတယ်။ အစာအာဟာရ မျှတစွာ စားသုံးပေးရင် အဝလွန်ေရာဂါအပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ အမျိုးအစား (၂) ဆီးခြိုေရာဂါနဲ့ မျက်စိကွယ်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
 

ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ အစရှိတဲ့ ဟင်းသီးဟင်းရွက်ေတွ၊ ဆော်လ်မွန်ငါး၊ တူနာငါး အစရှိတဲ့ Omega-3 fatty acid များတဲ့ ငါးတွေ၊ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ ဥ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေ၊ ဗီတာမင် C ပါဝင်မှုများတဲ့ လိမ္မော်သီး၊ ချဉ်တဲ့အရသာရှိတဲ့ အသီးအနှံနဲ့ သစ်သီးဖျော်ရည်တွေ၊ ကရုကမာကောင်နဲ့ ဝက်သားတို့ကို သင့်တင်မျှတစွာ စားပေးဖို့ အရေးကြီးပါတယ်။
 
၂။ ဆေးလိပ်ဖြတ်လိုက်ပါ။
 

ဆေးလိပ်သောက်လို့ ကိုယ့်ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးကိုမှ မရစေနိုင်ပဲ ခန္ဓါကိုယ်ကိုပါ ဒုက္ခပေးနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အသည်း၊ နှလုံး၊ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ အာရုံကြောနဲ့ အမြင်အာရုံကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပိုမိုကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ရဖို့ဆေးလိပ်ြဖတ်လိုက်ပါ။ မဖြတ်နိုင်ဘူးဆိုရင်လည်းလျှော့ပြီးသောက်ပါ။
 
၃။ နေကာမျက်မှန်တပ်ပါ။
 

နေအရမ်းပူနေတဲ့အချိန် အပြင်ထွက်ရင် အသားအရေအတွက် နေလောင်ကာခရင်မ် လိမ်းပေးရသလို မျက်လုံးကို ကာကွယ်ဖို့အတွက်လည်း နေကာမျက်မှန်တပ်ပေးဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ UV လို့ ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ေတွဟာ အသားအရေကို ပျက်စီးစေတဲ့အပြင် မျက်လုံးကိုပါ ထိခိုက်စေနိုင်ပြီး အမြင်အာရုံချို့ယွင်းတာ၊ မျက်စိမှုန်တာ အစရှိတဲ့ ပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အပြင်သွားတဲ့အချိန် နေအရမ်းပူနေပြီဆိုရင် နေကာမျက်မှန် တပ်ခြင်းဖြင့် မျက်စိမထိခိုက်အောင် ကာကွယ်ပါ။
 
၄။ ကွန်ပျူတာ၊ ဖုန်း၊ တီဗီမျက်နှာပြင်ကို အကြာကြီး မကြည့်ပါနဲ့။
 

 

ဒါကြောင့် အချိန်အကြာကြီး တီဗီကြည့်တာမျိုး၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတာမျိုး ရှောင်သင့်ပါတယ်။ ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေဆိုရင်လည်း နာရီဝက်ခြား တစ်ခါ အဝေးတစ်နေရာကို ကြည့်တာမျိုး၊ မျက်စိမှိတ်တာမျိုး ပြုလုပ်ပေးခြင်းဖြင့် မျက်စိအနားပေးသင့်ပါတယ်။
 
၅။ မျက်စိဆေးခန်းမှာ ပုံမှန်စစ်ဆေးပါ။
 ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ ဘယ်လိုအသက်အရွယ်မဆို မျက်စိဆေးခန်းမှာ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကိုယ့်ရဲ့ မျက်စိအခြေအနေကို သေချာစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးပါပဲ။ မျက်မှန်တပ်ဖို့ လိုလာပြီဆိုရင်လည်း မျက်မှန်ကို ပါဝါတိုင်းပြီး သေချာတပ်ပေးသင့်ပါတယ်။

Post a Comment

0 Comments