Ticker

6/recent/ticker-posts

ခေါင်းတစ်ခြမ်းကိုက်ခြင်း

 '

 

 Ibintu 4 bituma uribwa n'umutwe - KIGALI UP
 
ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ဆက်စပ်နေသော ကြောက်စရာကောင်းတဲ့ ရောဂါများ
ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူ တွေဟာ နှလုံးတိုက်ခိုက်ခံရနိုင်ခြေ၊ လေ ဖြတ်နိုင်ခြေနဲ့ တခြားကျန်းမာရေးပြဿ နာတွေကို ခံစားရနိုင်ခြေ ပိုများတတ်ပါ တယ်။ ခေါင်းတစ်ခြမ်းကိုက်တာကြောင့် နာကျင်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေ ခံစားရ ပြီး အလုပ်ပျက်၊ ကျောင်းပျက်တဲ့အထိ ခံစားရနိုင်ပါတယ်။ လေ့လာမှုအရ ခေါင်း တစ်ခြမ်းကိုက်ဝေဒနာကို ခံစားရသူတွေ ဟာ စိတ္ဓာတ္က်တာ၊ စိုးရိမ်စိတ်များတာ၊ နှလုံးနဲ့သွေးကြောရောဂါဖြစ်တာ စတာ တွေ ဖြစ်ပွားနိုင်ခြေများတယ်လို့ သုတေ သနေတြအရ သိရပါတယ်။
 
စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်များခြင်း
ခေါင်းတစ်ခြမ်းကိုက်တာနဲ့ စိတ် ဓာတ္က်တာ၊ စိုးရိမ်စိတ်များတာ စတဲ့ စိတ် ပိုင်းဆိုင်ရာဝေဒနာတွေက ဆက်စပ်နေပါ တယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစား နေရသူတွေမှာ စိတ္ဓာတ္က်တာ၊ စိုးရိမ် စိတ်များတာတွေ ဖြစ်တတ်သလို တချို့ စိတ်ဝေဒနာ ခံစားရသူတွေက ခေါင်းတစ် ခြမ်းကိုက်တာကို ခံစားရတတ်ပါတယ်။ 
 
လေ့လာမှုအရ အသက် ၄၀ ဝန်းကျင်အ ရွယ် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစား နေရတဲ့ အမျိုးသမီးတွေက စိတ္ဓာတ္က် တာနဲ့ စိုးရိမ်စိတ်များတာကို ပိုမိုဖြစ်ပွားကြ တယ္လို့ တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ၃၆ ရာခိုင် နှုန်းက စိတ်ဓာတ်ကျရောဂါဖြစ်ပွားတာကို တွေ့ရပါတယ်။
 
နှလုံးနှင့် သွေးကြောရောဂါများ
ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ သုံးပုံ တစ္ပုံက အမြင်အာရုံပြဿနာတွေဖြစ် တဲ့ အလင်းရောင်ကိုမကြည့်နိုင်တာ၊ ခဏ တာ အမြင်အာရုံချို့တဲ့တာတွေခံစားရနိုင် ပါတယ်။ လေ့လာမှုတွေရ ခေါင်းတစ်ခြမ်း ကိုက္တာက နှလုံးတိုက်ခိုက်ခံရနိုင်ခြေ အ ပါအဝင် လေဖြတ်နိုင်ခြေလည်း မြင့်မား တာကို တွေ့ရပါတယ်။ 
 
အမေရိကန်မှာ ခေါင်းတစ်ခြမ်းကိုက်သူပေါင်း သုံးသောင်း နီးပါးပါဝင်တဲ့ လေ့လာမှုကို ပြုလုပ်ခဲ့ရာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ မြင့်မား တာကို အများဆုံးတွေ့ရပြီး သွေးဖိအား မြင့်မားတာကို ဒုတိယအများဆုံးတွေ့ရပါ တယ်။ 
 
သုတေသီတွေက ဆက်လက်လေ့ လာခဲ့ရာ ခေါင်းတစ်ခြမ်းကိုက်တဲ့အချိန်မှာ ထွက်တဲ့ ဒြပ်ပေါင်းက သွေးကြောနံရံတွေ ကို ပျက်စီးစေလို့ နှလုံးရောဂါနဲ့ လေဖြတ် နိုင်ခြေ မြင့်မားရတာကို တွေ့ရှိခဲ့ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာ အောင် ထိန်းနိုင်ပါက နှလုံးနဲ့ သွေးကြော ရောဂါတွေဖြစ်ပွားမှုကို ကာကွယ်နိုင်ပါ တယ်။
 
ဝက်ရူးပြန်ခြင်း
ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ဝက်ရူး ပြန်တာက ဦးနှောက်ရဲ့လုပ်ဆောင်ချက်မှု ကြောင့်ပါ။ ခေါင်းတစ်ခြမ်းကိုက်သူတွေ က ဝက်ရူးပြန်ရောဂါဖြစ်နိုင်ခြေရှိပြီး ဝက် ရူးပြန်ရောဂါရှိသူတွေကလည်း ခေါင်းတစ် ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ပညာ ရှင်တွေက ရောဂါဖြစ်ပွားမှုနဲ့ ကာကွယ်နိုင် တဲ့ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ဒီရောဂါ နှစ်ခုရဲ့ ဆက်စပ်မှုကို လေ့လာခဲ့ပါတယ်။
 
 နယူးယော့ခ်မှာရှိတဲ့ ကိုလံဘီယာတက္က သိုလ်မှာ ပြုလုပ်တဲ့လေ့လာမှုမှာ ဝက်ရူး ပြန်ရောဂါရှိသူတွေရဲ့ ဆွေမျိုးသားချင်း တွေကို လေ့လာခဲ့ရာမှာ ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာရှိသူ နှစ်ဆရှိတာကို တွေ့ရပြီး ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ဆွေမျိုးတွေ ကို လေ့လာမှု ပြုလုပ်ခဲ့ရာမှာတော့ ဝက်ရူး ပြန်ရောဂါရှိသူ နည်းတာကို တွေ့ရပါတယ်။
 
ဓာတ်မတည့်ခြင်း
နှာခေါင်း ဓာတ်မတည့်ရောဂါရှိသူ တွေဟာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံ စားရတတ်ပါတယ်။ နှာခေါင်းရဲ့ အချွဲလွှာ ကို ထောက်ပံ့ပေးနေတဲ့ အာရုံကြော ကြောင့်ဖြစ်ရတာပါ။ နှာခေါင်းဓာတ်မ တည့်သူတွေမှာ အာရုံကြောကို လှုံ့ဆော် တာ ဒါမှမဟုတ် ရောင်ရမ်းတာတွေ ကြောင့် ယားယံတာနဲ့ နှာရည်ကျတာတွေ ဖြစ်ပေါ် စေပါတယ်။
 
လေဖြတ်ခြင်း
 
အကြားအာရုံထိခိုက်ခြင်း
ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူ တွေက အကြားအာရုံ ရုတ်တရက် ဆုံးရွုံး နိုင်ခြေလည်း မြင့်မားပါတယ်။ ခေါင်းတစ် ခြမ်းကိုက်ဝေဒနာခံစားရအပြီး ရက်ပိုင်း အတွင်း အကြားအာရုံရုတ်တရက် ဆုံးရွုံး တာမျိုး ဖြစ်တတ် ပေမယ့် အဖြစ်နည်းပါ တယ်။
 
ပန်းနာရင်ကျပ်ရောဂါ
ပန်းနာရင်ကျပ်ရောဂါက အသက် ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတစ်ခုဖြစ် ပြီး ခေါင်းတစ်ခြမ်းကိုက်တာက အာရုံ ကြောရောဂါတစ်ခုပါ။ ပန်းနာရင်ကျပ် ရောဂါက အသက်ရှူလမ်းကြောင်းမှာ အ လွန်အမင်းကျပ်ပြီး ရောင်ရမ်းမှုကို ဖြစ် စေပါတယ်။ ဦးနှောက်ရဲ့အပြင်ဘက်ရှိ သွေးကြောတွေ ရောင်ရမ်းမှု ဖြစ်တာက ခေါင်းတစ်ခြမ်းတာကို ဖြစ်စေပါတယ်။
ဘာကြောင့်ပဲ ခေါင်းကိုက်ကိုက်မပေါ့ဆပါနဲ့
ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
Credit to Original Writer

Post a Comment

0 Comments