Ticker

6/recent/ticker-posts

ဆီးချိုရှိသူတွေအတွက် ဗီတာမင် ?

 သွေးတိုး၊ ဆီးချိုကို ထိန်းနိုင်မယ့် ဆေးဖက်ဝင်ပစ္စည်း (၇) မျိုး - Hello  Sayarwon

 ဆီးချိုရောဂါ ရှိသူတွေမှာ ရောဂါ ရှိတာခြင်း တူကြပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အသုံးပြု ကြတဲ့ ကုထုံးတွေကတော့ အမျိုးမျိုး ရှိပါတယ်။ ကုထုံးကို လိုက်ပြီး သက်ရောက်မှုတွေလည်း ကွာခြားနိုင် ပါတယ်။

ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ဖို့အတွက် ကုထုံးတွေကိုပဲ အားကိုးရမှာလား ဆိုတော့ မဟုတ်ပါဘူး။ ကုထုံးအပြင် အားကိုးလို့ရတာလေး ရှိပါသေးတယ်။ ဒါကတော့ ဗီတာမင်တွေနဲ့ သတ္တုဓာတ် တွေပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေကို ကျန်းမာစေဖို့ ထောက်ကူပေးမယ့် ဗီတာမင်တွေနဲ့ သတ္တုဓာတ် တွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဒီနေရာမှာ တစ်ခု ကြိုတင် သတိပေးချင်တာက ဆီးချိုရှိလို့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက် ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေကို အသုံးမပြုခင်မှာ သောက်သုံးနေကျ ဆေးဝါးတွေနဲ့ တည့်ရဲ့လားဆိုတာကို သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ပါ။

ဆီးချိုရှိသူတွေအတွက် ဗီတာမင်တွေ

ဆီးချိုရှိသူတွေကို ကျန်းမာစေနိုင်မယ့် ဗီတာမင်တွေကတော့....,

ALA နဲ့ GLA

ALA (alpha-lipoic acid) က ဓာတ်တိုးဆန့်ကျင် အာနိသင် တစ်ရပ်ပါ။ အာရုံကြောတွေ ကျန်းမာစေဖို့ လုပ်ဆောင်ပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ ထောက်ကူပေးသလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိ ပေးနိုင် ပါတယ်။

GLA (gamma-lipoic acid) ကလည်း ဓာတ်တိုးဆန့်ကျင် အာနိသင်တစ်မျိုးပါ။ အာရုံကြောတွေရဲ့ လုပ်ဆောင် မှုကို ကောင်းစေပြီး ဆီးချိုကြောင့် အာရုံကြောတွေ ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

Biotin

Biotin က ခန္ဓာကိုယ်မှာ အင်ဆူလင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ glucokinase အင်ဇိုင်း ထွက်ရှိမှု တိုးစေဖို့ လုပ်ဆောင်ပေးပါတယ်။

Glucokinase က ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ပုံမှန်အတိုင်း လည်ပတ်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီအင်ဇိုင်းကို အသည်းမှာ တွေ့ရှိရတာ ဖြစ်ပြီး ဆီးချို ခံစားနေရသူတွေရဲ့ အသည်းမှာ Glucokinase အင်ဇိုင်း တွေ့ရှိရရမှု နည်းပါတယ်။ ဒီလို နည်းတာက အမျိုးအစား (၁) ဆီးချို မှာရော အမျိုးအစား (၂) ဆီးချိုမှာပါ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှု ရှိနေပါတယ်။

Carnitine (L-Carnitine, Acetyl L-Carnitine)

ခန္ဓာကိုယ်က အဆီတွေကို စွမ်းအင် အဖြစ် မှန်မှန်ကန်ကန် အသုံးပြုနိုင်စေဖို့အတွက် Carnitine ကို လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် Carnitine ကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်ပေမယ့် ဆီးချိုရှိသူတွေမှာတော့ ပုံမှန်ထွက်ရှိ တုံ့ပြန်နိုင်စွမ်းနည်းပါတယ်။

Carnitine လုံလောက်စွာ ရရှိမှ သွေးကြောထဲမှာ များနေတဲ့ အဆီတွေကို အကောင်းဆုံး ဖြိုခွဲနိုင်မှာဖြစ်ပြီး ကိုယ်တွင်း အဆီ နည်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။

Coenzyme Q10

Coenzyme Q10 က ခန္ဓာကိုယ်မှာ ရှိနေတဲ့ ဒြပ်ပေါင်း တစ်ခုပါ။ ကာဗိုဟိုက်ဒရိတ်တွေကို ဖြိုခွဲဖို့ အကောင်းဆုံး လုပ်ဆောင်ပေးပါတယ်။ ဆီးချို မဖြစ်စေဖို့အတွက် ကာကွယ်ပေးတဲ့ တာဝန်ကိုလည်း လုပ်ဆောင်ပေးပါတယ်။

ဆီးချို ရှိသူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

Inositol

Inositolက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ ဆဲလ်အမြှေးပါးတွေကို ကျန်းမာစေသလို သွေးတွင်းကိုလက်စထရော ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဆီးချိုကြောင့် အာရုံကြောတွေ ပျက်စီး တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

Manganese

ခန္ဓာကိုယ်ထဲမှာ manganese နည်းတာကလည်း ဆီးချို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း တစ်ရပ်ပါ။ Manganese က ကိုယ်တွင်းမှာ သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်စေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးပါတယ်။

Magnesium (မဂ္ဂနီဆီယမ်)

Magnesium (မဂ္ဂနီဆီယမ်) က ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဆီးချိုကြောင့် အာရုံကြောတွေ ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

အင်ဆူလင် အသုံးပြုရတဲ့ ပမာဏကို လျှော့ချပေးဖို့အတွက်လည်း အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါတယ်။

Potassium (ပိုတက်ဆီယမ်)

ဆီးချိုရောဂါရှိသူတွေမှာ အင်ဆူလင်ထိုးတဲ့အခါ ပိုတက်ဆီယမ် ချို့တဲ့တတ်ပါတယ်။ ပိုတက်ဆီယမ် ပမာဏကို လုံလောက်စွာ ရရှိမှုက အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ကောင်းစေပြီး အင်ဆူလင်ဟော်မုန်းရဲ့ ထိရောက်မှုကို ကောင်းစေပါတယ်။

ဗီတာမင် B6

ဗီတာမင် B6 က သွေးချို တအားမြင့်တာကြောင့် အာရုံကြောစနစ်မှာ ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်တာကို လျှော့ချပေးနိုင်သလို ဆီးချို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာကို မခံစားရစေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါတွေအပြင်...,

  • ဗီတာမင် B12
  • ဗီတာမင် C
  • ဗီတာမင် D
  • ဗီတာမင် E
  • ဇင့်တို့ကလည်း ဆီးချိုရှိသူတွေကို ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ။

Post a Comment

0 Comments