Ticker

6/recent/ticker-posts

ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်နေရင်?

 Vege Fresh - Cambridge updated... - Vege Fresh - Cambridge

-

ဆီးချို ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သွေးတွင်းသကြားဓာတ် မြင့်တက်တာကို ထိန်းညှိပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာပါ။

ကိုယ်အလေးချိန်၊ နေ့စဉ် လှုပ်ရှားမှု၊ စိတ်ဖိစီးမှု နဲ့ မျိုးရိုးရှိတာတွေကလည်း သွေးချိုပမာဏ အပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ဒါကြောင့် သွေးချို ပမာဏကို ကျန်းမာတဲ့ ပမာဏအတွင်း ရှိနေစေဖို့ အစားအစာကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ အခုတစ်ခေါက်တော့ ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင် ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးက အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက် အဆာခံစေဖို့ ကူညီပေးပါတယ်။ ပဲက ပရိုတင်း ကြွယ်ဝသလို ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်ပါတယ်။ အချိုပါဝင်မှု နည်းတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

ဟင်းနုနွယ်

အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို ဗီတာမင်၊ ဖောလိတ် နဲ့ ကလိုရိုဖီး၊ မဂ္ဂနိ့၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ဖော့စဖရိတ်၊ ကယ်လိရိုတင်းဆို့ ပါဝင်နေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ရုံးပတီသီး

ရုံးပတီသီးမှာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ polysaccharides နဲ့ ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

ရုံးပတီသီးစေ့က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလို ဆီးချို မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

မုန်ညှင်း

အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တဲ့ မုန်ညှင်းက ကယ်လ်လိုရီ ပါဝင်မှုနည်းသလို အဆီပါဝင်မှု လည်း နည်းပါတယ်။ မုန်ညှင်းရွက်မှာ phytonutrients၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝပြီး သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးသလို သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

ကန်စွန်းဥ

အာလူးမျိုးရင်းဝင်ဖြစ်တဲ့ ကန်စွန်းဥက ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ ဆီးချိုရှိရင်တောင် ပမာဏ အနည်းငယ်လောက် စားလို့ ရပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့အတွက် စားပေးလို့ ရပါတယ်။

ခရမ်းချဉ်သီး

လတ်ဆတ်တဲ့ ခရမ်းချဉ်သီးကို ထိုက်သင့်သလောက် စားပေးလို့ ရပါတယ်။ ခရမ်းချဉ်သီးက အမျှင်ဓာတ် ကြွယ်ဝသလို ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်နေပါတယ်။ ဆီးချိုကာကွယ်ဖို့ရော သွေးတွင်းသကြားဓာတ် ကျစေဖို့ပါ စားပေးလို့ ရပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ Beta carotene ပါဝင်နေသလို ဗီတာမင် A လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံ ကျန်းမာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချို ကာကွယ်ပေးဖို့လည်း ထိန်းညှိပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းကလည်း ကျန်းမာစေတဲ့ စားစရာ တစ်ရပ်ပါ။ အမျှင်ဓာတ်၊ သတ္တုဓာတ်တွေ၊ ဗီတာမင်တွေနဲ့ အခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရတွေ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပြီး ဆီးချို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

နေ့စဉ် စားသုံးမှုမှာ ဒီအစားအစာတွေ ပါဝင်အောင် စားသုံးပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချို ကာကွယ်ဖို့လည်း စားပေးလို့ ရပါတယ်။

 


Post a Comment

0 Comments