Ticker

6/recent/ticker-posts

သွားဖုံးရောဂါ လက္ခဏာ?

 I Have an Abscess — Emergency Dentist Sydney


ကျန်းမာတဲ့သွားဖုံးတွေက ချပ်ချပ်ရပ်ရပ်နဲ့ ပန်းရောင်ဖျော့ဖျော့ရှိနေပြီး သွားနဲ့လည်းကွာဟမနေဘဲ ပုံစံတကျ ရှိနေပါတယ်။ သွားဖုံးရောဂါဖြစ်နေပြီဆိုရင်တော့ ဒီလက္ခဏာတွေဖြစ်လာတတ်ပါတယ် –

  • သွားတိုက်ပြီးတိုင်း သွားဖုံးက သွေးထွက်တာ
  • သွားဖုံးတွေ နီရဲ၊ ရောင်ရမ်း၊ ထိလိုက်ရင်နာနေတာ
  • ခံတွင်းနံ့အမြဲနံနေတာ၊ ပါးစပ်ထဲ ခါးနေတာ၊
  • သွားနဲ့သွားဖုံးကြားမှာ အတော်လေးကွာနေတာ
  • သွားတွေနဲ့လာတာ၊ သွားကျွတ်တာ
  • တစ်ခုခုကိုကိုက်လိုက်တဲ့အခါ ထိထိမိမိကိုက်လို့မရတာ၊ တစိတ်တပိုင်းပဲ ထိမိတာ (သွားတွေပုံ သဏ္ဍာန် ပျက်ယွင်းနေလို့ )
  • သွားဖုံးအရောင် ရင့်နေတာ
  • သွားကြားထိုးတဲ့အခါ ၊ သွားပွတ်ကြိုးသုံးတဲ့အခါ သွေးထွက်လွယ်တာ
  • သွားဖုံးတွေတိုသွားတာ (gum recession) တို့ဖြစ်လာတတ်ပါတယ်။

သွားဖုံးရောဂြါဖစ်စေတဲ့အကြောင်းရင်းများ

သွားချေးတွေက သွားဖုံးရောဂါဖြစ်စေတဲ့အဓိကအကြောင်းရင်းပါပဲ။ ဒါပေမယ့် ဒီရောဂါဖြစ်လာစေဖို့ ပံ့ပိုး နေတဲ့ တခြားအကြောင်းအချက်တွေလည်းရှိနေတယ်ဆိုတာ သိစေချင်ပါတယ် –

  • ဟော်မုန်းအပြောင်းအလဲ – ကိုယ်ဝန်ဆောင်ခြင်း၊ ပျိုဖော်ဝင်ခြင်း၊ သွေးဆုံးခြင်းနဲ့ လစဉ်ရာသီ သွေးဆင်းခြင်းတို့လို ဟော်မုန်းအပြောင်းအလဲဖြစ်ချိန်တွေမှာ သွားဖုံးတွေက အထိခိုက် မခံနိုင် ဖြစ်တတ်ပါတယ်။ အဲဒီအခါ သွားဖုံးရောင်ခြင်းဖြစ်ဖို့ပိုလွယ်ပါတယ်။
  • ရောဂါအခံများ – ကင်ဆာရောဂါ၊ အိတ်ခ်ျအိုင်ဗီတို့လို ခုခံအားကျဆင်းတဲ့ရောဂါတွေကြောင့် သွားဖုံးကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါဆိုလည်း ခန္ဓါကိုယ်ရဲ့သွေးတွင်း သကြားဓါတ်ထိန်း နိုင်စွမ်းကို ထိခိုက်စေနိုင်လို့ ရေစီးကမ်းပြိုရောဂါနဲ့ သွားပိုး ပေါက်ဖြစ်ခြင်း အပါအဝင် ရောဂါတွေ ဖြစ်လာ နိုင်ခြေ ပိုများစေပါတယ်။
  • ဆေးဝါး – သောက်သုံးနေတဲ့ဆေးဝါးတွေထဲက တချို့က တံထွေးထွက်နည်းစေတာကြောင့် သွားနဲ့ သွားဖုံးကိုကာကွယ်နိုင်စွမ်းနည်းစေပါတယ်။
  • မကောင်းတဲ့အမူအကျင့် – ဆေးလိပ်သောက်တာလိုမျိုး အမူုအကျင့်တွေကြောင့် သွားဖုံးတစ်ရှူးတွေကို မာကျောစေပါတယ်။
  • ခံတွင်းသန့်ရှင်းရေးဂရုမစိုက်မှု – သွားမှန်မှန်မတိုက်တာ၊ ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာတွေက သွားဖုံးရောဂါဖြစ်ဖို့ ပိုလွယ်ကူစေပါတယ်။
  • သွားဖုံးရောဂါဖြစ်တတ်တဲ့မိသားစုမျိုးရိုးရှိတာ က သွားဖုံးရောင်ရောဂါဖြစ်လာဖို့ ပံ့ပိုးတဲ့အကြောင်းရင်း တစ်ခုဖြစ်ပါတယ်။

ဒါဆို ဘယ်လိုကာကွယ်ရမလဲ

  • ခံတွင်းသန့်ရှင်းရေးကိုဂရုစိုက်ပါ။ သွားကို မနက်နဲ့ည တစ်နေ့နှစ်ကြိမ်၊ နှစ်မိနစ်လောက် သွားပုံ မှန်တိုက်ပေးပါ။ သွားကြားတွေကို အနည်းဆုံးတစ်နေ့တစ်ကြိမ်သွားပွတ်ကြိုးနဲ့သန့်ရှင်းပေးပါ။ သွားမ တိုက်ခင် သွားကြားကိုရှင်းပေးမှ အစားအစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယား တွေကို ဖယ်ရှား ရပိုလွယ်စေပါတယ်။
  • သွားကျန်းမာရေးပုံမှန်စစ်ဆေးပါ။ သွားဆရာဝန်ဆီမှာ ခြောက်လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် သွားကျန်းမာရေးပုံမှန်စစ်ဆေးပြီး သွားကိုသန့်စင်ပေးပါ။ သွားနဲ့သွားဖုံးအခြေအနေကို ဆရာဝန်က စစ်ဆေးပြီး လိုအပ်တဲ့ကုသစောင့်ရှောက်မှုပေးပါလိမ့်မယ်။
  • ကျန်းမာရေးနဲ့ညီတဲ့ အမူအကျင့်တွေကို မွေးမြူပါ။ အစားအသောက်ဂရုစိုက်ဆင်ခြင်ဖို့၊ ဆေးလိပ်ဖြတ်၊ ကွမ်းဖြတ်ဖို့ အရေးကြီးပါတယ်။ ဆေးလိပ်သောက် သို့မဟုတ် ကွမ်းစားသူတွေဟာ သွားဖုံး ရောဂါဖြစ်နိုင်ခြေ ၇ ဆပိုများတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။ ကုသမှုဆိုလည်း ထိ ရောက်မှု ပိုနည်းရတယ်လို့ ဆိုပါတယ်။
  • လိုအပ်တဲ့အာဟာရတွေပြည့်အောင်စားပါ။ ကိုယ်ခံအားစနစ်ကို အားပေးကူဖို့ အာဟာရ သင့်တင့်အောင် စားသင့်ပါတယ်။ ဥပမာ ဗီတာမင် E (အစေ့အဆန်၊ အစိမ်းရောင် အသီးအရွက် တွေ)နဲ့ ဗီတာမင် C (အချဉ်သီးတွေ၊ ပန်းဂေါ်ဖီစိမ်း၊အာလူး)ပါတဲ့စားစရာတွေက ခန္ဓါကိုယ်မှာ ပျက်စီး နေတဲ့ တစ်ရှူး တွေ ကို ပြန်လည်ကောင်းမွန်စေပါတယ်။

 

Post a Comment

0 Comments