Ticker

6/recent/ticker-posts

သွားဖုံး ရောဂါ ဘယ်လိုကာကွယ်ရမလဲ?

'Teeth Cleaning And Teeth Whitening Preventive Care Tips

 သွားဖုံးရောဂါမှာ ပထမအဆင့်က သွားဖုံးရောင်ခြင်း (Gingivitis ) ဖြစ်ပါတယ်။ Gingivitis ဖြစ်လာပြီဆိုရင် သွားဖုံးတွေက ရဲလာမယ်၊ ရောင်ရမ်းလာမယ်၊ ထိတာနဲ့သွေးထွက်လွယ်တယ်။ ခံတွင်းသန့်ရှင်းမှု မလုံလောက် တဲ့အခါ ဖြစ်လာတတ်တဲ့ သွားဖုံးရောင်ခြင်းက စစချင်းမှာ လက္ခဏာ သိပ်မသိသာတဲ့ အတွက် အမှုမဲ့ အမှတ်မဲ့ နေလိုက်ကြတာပဲများပါတယ်။ ဆက်ပြီးသေချာ ဂရုမစိုက် မိကြပါဘူး။ ဒါပေမယ့် ဂရုစိုက် ထိန်းသိမ်း လို့ရတဲ့ အဆင့်ကို လျစ်လျူရှုခဲ့တော့ နောက်ပိုင်းမှာ periodontitis လို့ခေါ်တဲ့ တကယ့် သွားဖုံး ရောဂါနဲ့ ပက်ပင်း တိုးမှာ သေချာပါတယ်။

Periodontitis (ရေစီးကမ်းပြိုရောဂါ)

သွားဖုံးရောင်တဲ့အဆင့်မှာ ဂရုမစိုက်၊ မဆင်ခြင်ခဲ့တဲ့အခါ periodontitis အဆင့်ကိုရောက်လာနိုင်ပါတယ်။ သွားမှာကပ်ငြိနေတဲ့သွားချေးတွေ၊အညစ်အကြေးတွေက သွားဖုံးအစပ်အောက်နားထိပြန့်သွားနိုင်တာကြောင့် အဲဒီမှာပါလာတဲ့ဘက်တီးရီးယားတွေရဲ့အဆိပ်အတောက်တွေက သွားဖုံးကို ဒုက္ခပေးလာတာပေါ့။ ဘက်တီး ရီးယား တွေကြောင့် သွားဖုံးတွေကိုတာရှည်ရောင်ရမ်းစေပြီး သွားကိုအထောက်အပံ့ပေးတဲ့ တစ်ရှူးနဲ့ အရိုး တွေကို ပျက်စီးစေနိုင်ပါတယ်။ 

တဖြည်းဖြည်း သွားဖုံးနဲ့သွားရဲ့ကြားထဲမှာ ကွာဟလာပြီး ရောဂါပိုးဝင်လာပါတယ်။ ရောဂါအဆင့် တက်လာတာနဲ့ အဲဒီကွာဟတဲ့နေရာက ပိုနက်ရှိုင်းလာပြီး ပိုပိုပျက်စီးလာပါတယ်။ နောက်ပိုင်းမှာတော့ သွားကျွတ် တာတွေ၊ နှုတ်ပစ်ရတာတွေဖြစ်လာနိုင်ပါတယ်။

Post a Comment

0 Comments