Ticker

6/recent/ticker-posts

အိမ်သာအထမှာ မူးသွားတာ ဘာကြောင့်လဲ?

 -Migraine Canada - I have severe attacks sometimes I throw up…what can I do?

 အိမ်သာအထ မှာ မူးသွားရတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ တချို့ကလည်း အိမ်သာ အထမှ မဟုတ် ဘယ်အချိန်မှာမဆို ဖြစ်နိုင်တာတွေလည်း ရှိပါတယ်။

  • Vasovagal reflex

အာရုံကြောစနစ်တစ်ခုလို့ပဲ အလွယ်ပြောရအောင်ပါ။ ဒီဟာက လူတိုင်းမှာ ရှိပါတယ်။ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။

Vasovagal reflexဆိုတာ ခန္ဓာကိုယ်မှာ ရှိတဲ့ vagus nerveကို လှုံ့ဆော်တဲ့ စနစ်တစ်ခုပါ။ သူက အာရုံကြောစနစ်အပြင် နှလုံးနဲ့ သွေးလှည့်ပတ်မှုအပေါ်မှာပါ သက်ရောက်မှု ရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့် vagus nerveကို လှုံ့ဆော်လိုက်တဲ့အခါ ဦးနှောက်ကို အချက်ပြတဲ့အတွက် ရုတ်တရက် သွေးပေါင်နဲ့ နှလုံးခုန်နှုန်းတွေ ထိုးကျပြီး မူးမေ့ချင်သလို ဖြစ်လာပါတယ်။

Vasovagal မှာ Vaso ဆိုတာ သွေးကြောပါ။ Vagalဆိုတာ vagus nerve ဆိုလိုတာပါ။ လူတိုင်းမှာ ရှိပေမယ့် တချို့သူတွေမှာ ပိုပြီး sensitiveဖြစ်ပါတယ်။

ဒါနဲ့ အိမ်သာတက်တာနဲ့ ဘာဆိုင်လဲဆိုတော့ အထူးသဖြင့် ဝမ်းချုပ်တဲ့သူတွေက ဝမ်းညှစ်တဲ့အခါ vagus nerve ကို လှုံ့ဆော်သလို ဖြစ်သွားပါတယ်။ တချို့ဆို လည်ပင်းကြောတွေပါ တင်းလာတဲ့အတွက် လည်ပင်းနားမှာရှိတဲ့ ဖိအား receptorsတွေကို လှုံ့ဆော်လိုက်သလို ဖြစ်တဲ့အတွက် ခုနကပြောတဲ့ Vasovagal reflex လည်သွားပြီး သွေးပေါင်တွေကျ မူးလာတာ ဖြစ်ပါတယ်။

  • ဝမ်းချုပ်နေလို့

ဝမ်းချုပ်တဲ့အခါ အသက်ကို ပြင်းပြင်း ရှူ၊ အသက်အောင့်ပြီး ဝမ်းကို အားရပါးရ ညှစ်လေ့ရှိပါတယ်။ ဒါကြောင့် ကြွက်သားတွေ တင်းလာပြီး နှလုံးကို သွေးပြန်ရောက်တာ နည်းသွားပါတယ်။ ဒါကြောင့် သွေးပေါင်ကျပြီး မူးလာပါတယ်။

  • ရေဓာတ်ဆုံးရှုံးတာ

အထူးသဖြင့် ဝမ်းသွားနေတဲ့သူတွေဆိုရင် ခဏခဏ အိမ်သာဝင်ရတဲ့အခါ ရေဓာတ်ဆုံးရှုံးပြီး သွေးပမာဏ နည်းလာပါတယ်။ ဒါကြောင့် မူးလာပါတယ်။ ဒါ့ပြင် နွေရာသီလိုမျိုးမှာ အိမ်သာက အလုံပိတ်တက်ရတဲ့အတွက် ချွေးထွက်များပြီး မူးတာလည်း ဖြစ်နိုင်ပါတယ်။

  • သွေးဝမ်းသွားတာ

လိပ်ခေါင်းရောဂါရှိတဲ့သူ၊ အူမကြီးသွေးယိုတတ်တဲ့သူတွေကလည်း သွေးက နည်းနည်းနဲ့ ခဏခဏ ထွက်နေဦးတော့။ ကြာလာရင် သွေးအားနည်းပြီး မူးလာမှာပါ။ တချို့ဆို သွေးဝမ်းသွားတဲ့အခါ အိမ်သာထဲမှာ တစ်ခါတည်း ပမာဏအများကြီး သွားလိုက်တဲ့အတွက် ပြန်လည်းထရော မူးနေတာမျိုး ဖြစ်တတ်ပါတယ်။

ဒီလို ရေဓာတ်ဆုံးရှုံးတာ၊ သွေးဝမ်းသွားတာတွေကျ အိမ်သာအထမှာမှ မဟုတ်ပါဘူး။ ဘယ်အချိန်မှာမဆို မူးတတ်ပါတယ်။

Post a Comment

0 Comments