Ticker

6/recent/ticker-posts

ဆီးမကြာခဏသွားခြင်း သက်သာစေမည်.အရာများ

 Ultrasound examination woman of stomach diagnosis indoors. pregnant blonde  female visiting gynecologist at clinic. slow | CanStock

အင်တာနက်ပေါ်တွင် ဆီးမကြာခဏသွားခြင်း၏ လက္ခဏာများနှင့် ပြင်းထန်မှုအဆင့်ကို သတ်မှတ်ပေးမည့် အမေးအဖြေပုစ္ဆာများ ဖြေကြားခြင်း (Online Quiz)ကို ပြုလုပ်သင့်ကြောင်း အမေရိကန် ဆီးနှင့် ကျောက်ကပ် ဆိုင် ရာရောဂါအဖွဲ့မှ အကြံပြုထားသည်။

တစ်နေ့လုံး မိမိစားခဲ့သောက်ခဲ့သည့် အစားအစာများ၊ ဆီးသွားခဲ့သည့်အကြိမ် အရေအတွက်၊ ဆီးစိမ့် ထွက်ကျခြင်း၊ ရုတ်တရက် ဆီးသွားချင်စိတ်ဖြစ်ပြီး ဆီးသွားရခြင်း စသည့်တို့ကို မှတ်သားသည့် “Bladder Diary” အလေ့အကျင့်ကို ပြုလုပ်ပေးသင့်သည်။ ထို့အပြင် စမတ်ဖုန်းတွင် Download ဆွဲ၍ ထည့်သွင်း အသုံးပြုရသည့် App များလည်းရှိပြီး လွယ်ကူစွာ မှတ်သားအသုံးပြုနိုင်‌နေပြီဖြစ်ပါသည်။

ကုသမှုနည်းလမ်းများ

ဆီးမကြာခဏသွားခြင်းကို သက်သာစေရန် ကုသမှုနည်းလမ်းများစွာရှိပါသည်။ ဆေးဝါးများဖြင့် ကုသခြင်း၊ အစားအသောက် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ရုပ်ပိုင်းဆိုင်ရာကုထုံး (Physical Therapy)ဖြင့် ကုသခြင်းများ လုပ် ဆောင်နိုင်ပါသည်။

ဆေးဝါးများဖြင့်ကုသခြင်း

ဆေးဝါးများဖြင့် ကုသရာတွင် ဆေးအမျိုးအစားများစွာ ရှိသော်လည်း ဆရာဝန်၏ညွန်ကြားမှုဖြင့် သာ သောက်သုံး သင့်ပါသည်။

အစားအသောက်နေထိုင်မှုပုံစံ ပြောင်းလဲခြင်း

အစားအ‌သောက်နေထိုင်မှု ပုံစံပြောင်းလဲခြင်းကလည်း ဆီးမကြာခဏသွားခြင်းကို ကုသရာတွင် အထောက် အကူ ဖြစ်စေနိုင်ပါသည်။

– ဆီးအိမ်ကို လှုံ့ဆော်မှုပေးနိုင်သည့် အရက်/ဘီယာနှင့် ကက်ဖင်းဓာတ်ပါသော အစားအ‌သောက်များကို အကန့် အသတ်နှင့် စား‌သုံးသင့်ပါသည်။

– အဝလွန်ခြင်းသည် ဆီးအိမ်ပေါ်တွင် ဖိအားအလွန်များပြီး ထိခိုက်စေနိုင်သဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန် အချိုးအစားကို ထိန်းသိမ်းသင့်ပါသည်။

– အမျှင်ဓာတ် (Fiber)ပါသော အစားအစာများက ဝမ်းချုပ်ခြင်းနှင့် ဆီးမကြာခဏသွားခြင်းကို လျှော့ချပေးနိုင်သည့်အတွက် ပုံမှန် စားသုံးသင့်ပါသည်။

– ညမအိပ်မီ ရေနှင့် ဖျော်ရည် အလွန်အကျွံသောက်ခြင်းကို ထိန်းချုပ်ရမည်။

– အရက်နှင့် ဆေးလိပ်ဖြတ်ရပါမည်။

ရုပ်ပိုင်းဆိုင်ရာ ကုထုံး (Physical Therapy)

ဆီးမကြာခဏသွားခြင်းကို သက်သာစေနိုင်မည့် ရုပ်ပိုင်းဆိုင်ရာ ကုထုံးများစွာရှိပါသည်။ ယင်းတို့အနက် ဆီးအိမ်ကြွက်သားကို သန်မာအောင် ပြုလုပ်သည့် လေ့ကျင့်ခန်း (Bladder Training) က ထိရောက်မှုရှိပြီး တတ်ကျွမ်းနားလည်သော ဆရာဝန်တစ်ဦးဦး၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်ရန် လိုအပ်ပါသည်။ (ဒေါက်တာ ဟိန်းဇာနည်)

Post a Comment

0 Comments