Ticker

6/recent/ticker-posts

ဦးနှောက် အမြှေးရောင်ရောဂါ

Meningitis: Symptoms, Causes, Types, Treatment, Risks, Vaccine

 ဦးနှောက် အမြှေးရောင်ရောဂါ (Meningitis)

ဦးနှောက်အမြှေးပါးကို ဘက်တီးရီးယားပိုး ကူးစက်မှုကြောင့် ရုတ်တရက် ခေါင်းကိုက် ခြင်း၊ နားထင်ဖိအားတိုးခြင်းများဖြစ်နိုင်သည်။

“ရောဂါလက္ခဏာများ”

– အဖျားတက်ခြင်း

– ဇက်တောင့်ခြင်း

– စိတ်ထြွေပားခြင်း

– ပျို့ချင်/အန်ချင်၊ မအီမသာဖြစ်ခြင်း

– အလင်းကို ခံစားတုံ့ပြန်မှုမြင့်မားလာခြင်း

ကုသမှု- ဆရာဝန်ညွှန်ကြားသော ပဋိဇီဝဆေးဝါးများဖြင့် ကုသမှုခံယူရမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံခြင်း ဖြင့်လည်း ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်သည်။

  ဦးခေါင်းဒဏ်ရာရခြင်း (Head Injury)

ဦးခေါင်း(သို့) ဉီးနှောက်ကို တစ်စုံတစ်ခုနှင့် ထိခိုက်မိခြင်းကြောင့် ဒဏ်ရာရရှိသော အခြေအနေဖြစ်သည်။ မပြင်းထန်သော ဉီးခေါင်းဒဏ်ရာရရှိသူများ၏ (၉၀)ရာခိုင်နှုန်းတွင် ခေါင်းကိုက်ဝေဒနာ ခံစားရလေ့ရှိသည်။

“ရောဂါလက္ခဏာများ”

– ထိခိုက်မိပြီး (၇)ရက်အတွင်း နားထင်များအပါအဝင် ဉီးခေါင်းတစ်ပြင်လုံး၌ ဖိအားတိုးမှုကို ခံစားရခြင်း

– ဉီးခေါင်းအနောက်ပိုင်းတွင် တဒုတ်ဒုတ် နာကျင်ကိုက်ခဲခြင်း

ကုသမှု- မပြင်းထန်သော ဉီးခေါင်းဒဏ်ရာရရှိသူများအနေဖြင့် ကောင်းစွာ အနားယူခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်း၊ ဝလင်စွာ အိပ်စက်ခြင်း၊ ကဖင်းမှီဝဲမှုလျှော့ချခြင်း စသည့် နည်းလမ်း များကို လုပ်ဆောင်နိုင်သည်။ ခေါင်းကိုက်ဝေဒနာအတွက် သောက်သုံးသင့်သော ဆေးဝါးများ ကိုလည်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ အကြံပြုချက် တောင်းခံရန် လိုအပ်သည်။

 

နားထင်မေးရိုးဆစ် ပြဿနာများ (Temporo Mandibular Disorders) 

မေးရိုးနာကျင်ခြင်းမှတဆင့် မျက်နှာ၊ နားထင်နှင့် လည်ပင်းတို့တွင် ဖိအားတိုးမှုဖြစ်ပေါ်စေနိုင်သည်။

“ရောဂါလက္ခဏာများ”

– မေးရိုးတောင့်တင်းပြီး ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း

– အိပ်ပျော်နေစဉ်နှင့် နိုးလာချိန်တို့တွင် သွားကြိတ်ခြင်း

– ပါးစပ်ဖွင့်/ပိတ်ရာ၌ နာကျင်ခြင်း

– အောက်သွားနှင့် အပေါ်သွား အံဝင်ခွင်ကျမဖြစ်ခြင်း

ကုသမှု- နားထင်မေးရိုးဆစ် ပြဿနာအများစုမှာ ယာယီခံစားရခြင်းသာဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက် မလိုသော အနာသက်သာဆေးများ သောက်သုံးနိုင်သည်။ မေးရိုးတင်းခြင်း၊ သွားကြိတ်ခြင်းတို့ သက်သာစေရန် သွားဘက်ဆိုင်ရာ အထောက်အကူကိရိယာများကို အသုံးပြုနိုင်သည်။

Post a Comment

0 Comments