Ticker

6/recent/ticker-posts

ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)

 Suffering from migraine pain? Here's what you should eat to avoid migraine  attacks - Times of India

 ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)

နားထင်ဖိအားတိုးခြင်း အပါအဝင် အတန်အသင့်မှ ပြင်းထန်သော ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်သည်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်စေသည့် အခြေခံအကြောင်းရင်း တိကျစွာမရှိသော်လည်း ခန္ဓာကိုယ်တွင်း ဟော်မုန်းဓာတ်ပြောင်းလဲခြင်း၊ စိတ်အတက်အကျမမှန်ခြင်း၊ အားအင်ကုန်ခမ်းပြီး အိပ်ရေးပျက်ခြင်း၊ အစား အသောက် (ချောကလက်၊ ချိစ်၊ ကော်ဖီ၊ အရက်)နှင့် ဆေးဝါးများ (အိပ်ဆေး၊ ကိုယ်ဝန်တားဆေး၊ ဟော်မုန်း ဖြည့်ဆေး)၊ ပတ်ဝန်းကျင်၏ သက်ရောက်မှုများ (ပိတ်လှောင်နေသော အခန်း၊ ကျယ်လောင်သော အသံနှင့် တဖျပ်ဖျပ်လှုပ်နေသော ဖန်သားပြင်များ)သည် ရောဂါဖြစ်ပွားမှုကို အစပျိုးစေနိုင်သော အကြောင်း ရင်းများဖြစ်သည်။

“ရောဂါလက္ခဏာများ”

-ခေါင်းတစ်ခြမ်း တဒုတ်ဒုတ်ကိုက်ခဲခြင်း

– ပျို့ချင်/အန်ချင်၊ မအီမသာဖြစ်ခြင်း

– အလင်းနှင့် အသံတို့ကို ခံစားတုံ့ပြန်မှု မြင့်မားလာခြင်း

– နာရီအနည်းငယ်မှ ရက်အတန်ကြာ ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သည့်အခါ ပိုမိုဆိုးရွားခြင်း

ကုသမှု- သက်ဆိုင်ရာသမားတော်နှင့် ပြသစစ်ဆေးပြီး ရောဂါအတွက် လိုအပ်သော ဆေးဝါးများကို ပုံမှန် မှီဝဲသောက်သုံးရန် လိုအပ်သည်။

လည်ပင်းဆစ်ရိုး ပြဿနာများကြောင့် ခေါင်းကိုက်ခြင်း (Cervicogenic Headache) 

လည်ပင်းဆစ်ရိုးဆိုင်ရာ ပြဿနာများနှင့် ဆက်စပ်ဖြစ်ပွားသော ခေါင်းကိုက်ခြင်းဖြစ်သည်။ လည်ပင်းဆစ်ရိုး ဒဏ်ဖြစ်ခြင်း၊ ကျိုးခြင်း၊ ပိုးဝင်ခြင်း၊ ကင်ဆာဖြစ်ခြင်းနှင့် အဆစ်ရောင်ရောဂါ (Rheumatoid Arthritis) တို့ကြောင့် ဖြစ်နိုင်သည်။

“ရောဂါလက္ခဏာများ”

– နားထင်များတွင် ဖိအားတိုးခြင်းနှင့်အတူ လည်တိုင်၏ လှုပ်ရှားနိုင်စွမ်း လျော့နည်းလာခြင်း

– လည်ပင်းလှုပ်ရှားသည့်အခါ ခေါင်းကိုက်ဝေဒနာပိုဆိုးခြင်း

– ခေါင်းတစ်ခြမ်းကိုက်ခြင်း

– ဦးခေါင်း(သို့) လည်ပင်းအနောက်ခြမ်းမှ မျက်စိအနောက်ပိုင်းအထိ နာကျင်ကိုက်ခဲခြင်း

ကုသမှု- တက်ကျွမ်းနားလည်သော ဆရာဝန်နှင့် ပြသပြီး လည်ဆစ်ရိုးအား ထုံစေရန် အာရုံကြောပိတ်ဆေး (Nerve Blocks)ထိုးနှံခြင်းဖြင့် ဝေဒနာကို သက်သာရာ ရစေနိုင်သည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ နှိပ်နယ် ပေးခြင်း၊ ရူပကုထုံး စသည့်နည်းလမ်းများဖြင့်လည်း ကုသနိုင်သည်။

ဦးခေါင်းခွံရှိ လေလမ်းကြောင်းပြဿနာများ (Sinus Problems)

ဦးခေါင်းခွံရှိ လေလမ်းကြောင်းများ ပိုးဝင်ခြင်း၊ ရောင်ယမ်းခြင်းတို့ကြောင့် နဖူးနှင့်နားထင်များတွင် ဖိအားတိုးမှု ဖြစ်ပေါ်စေသည်။

“ရောဂါလက္ခဏာများ”

– နှာပိတ်ခြင်း

– ချောင်းဆိုးခြင်း

– နှာခေါင်းမှ အဝါရောင်(သို့) အစိမ်းရောင် အကျိအချွဲများထွက်ခြင်း

– သွားကိုက်ခြင်း

– နှာခေါင်းနှင့် လည်ချောင်းအနောက်ပိုင်းတွင် ချွဲသလိပ်ကပ်ခြင်း

ကုသမှု- အများစုတွင် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်သည့် နှာပိတ်သက်သာဆေးများ (Decongestants)၊ ပါရာစီတမောနှင့် စတီးရွိုက်မပါသော အရောင်ကျဆေးများဖြင့် ပျောက်ကင်းလေ့ရှိသည်။ ရောင်ယမ်းမှုသည် ဘက်တီးရီးယားပိုးကူးစက်ခြင်းကြောင့်ဖြစ်လျှင် ဆရာဝန်နှင့်ပြသပြီး သင့်တော်သော ပဋိဇီဝဆေး သောက်သုံးရန် လိုအပ်သည်။

နားထင်သွေးကြောရောင်ယမ်းခြင်း (Temporal Arteritis)

ဉီးခေါင်းဘေး တစ်ဖက်တစ်ချက်ရှိ သွေးလွှတ်ကြောများ ရောင်ယမ်းခြင်းကြောင့် နားထင်များတွင် နာကျင် ကိုက်ခဲမှုဝေဒနာ ထပ်တလဲလဲ ခံစားရနိုင်သည်။ အသက်(၅၀)ကျော်အရွယ်များနှင့် အမျိုးသမီးများတွင် ပိုမို ဖြစ်ပွားလေ့ရှိသည်။

“ရောဂါလက္ခဏာများ” 

– နားထင်များတွင် ပြင်းထန်စွာ တဒုတ်ဒုတ် ကိုက်ခဲခြင်း

– အဖျားတက်ခြင်း

– အစားအသောက်ပျက်ခြင်း

– ကိုယ်အလေးချိန်ကျဆင်းခြင်း

– ဉီးရေပြား နာကျင်ခြင်း

– အစာဝါးသည့်အခါ မေးရိုးနာကျင်ခြင်း

ကုသမှု- ဆရာဝန်နှင့် သွားရောက်ပြသပြီး အရောင်ကျဆေး(Steroid)ကို ဆေးပတ်လည်အောင် သောက်သုံး ရမည် ဖြစ်သည်။

Post a Comment

0 Comments