Ticker

6/recent/ticker-posts

ဆီးလမ်းကြောင်း ပုံမှန်မဖြစ်ခြင်း

 Moet je je zorgen maken over bloed in de urine (hematurie)? | gezondheid.be

 ဆီးလမ်းကြောင်းဟာ နဂိုပုံမှန်လမ်းကြောင်းအပြင် နောက်ထပ်လမ်းကြောင်းအသစ်တစ်ခုဖြစ်ပြီး အရေပြား သို့မဟုတ် ဝမ်းတွင်းကလီစာနဲ့ ထိစပ်ပြီး လမ်းကြောင်းဖြစ်ခြင်းကို ခေါ်ပါတယ်။ ဒါကို Fistula လို့ခေါ်ပါတယ်။

အရေပြားပေါ်မှာ အဲဒီလိုပေါ်ထွက်ရခြင်းဟာ အောက်ခြေဆီးလမ်းကြောင်း တစ်နေရာရာတွင်ပိတ်ဆို့ခြင်း၊ တီဘီရောဂါဖြစ်ခြင်းနှင့် ပြင်ပမှပစ္စည်းတစ်ခုခုပိတ်ဆို့ခြင်း (ဥပမာ ဆီးကျောက် သို့မဟုတ် မတော်တဆ ချည်နှောင်မိခြင်း) စတာတွေကြောင့်ဖြစ်ရပါတယ်။

မွေးရာပါ ဆီးလမ်းကြောင်းအသစ်ဖြစ်ရတဲ့ အကြောင်းကို သိလိုပါတယ်

၁။ ဆီးအိမ်က အပြင်ဘက်ပေါက်ထွက်ပြီး မွေးဖွားလာခြင်း

၂။ သန္စေသားဖြစ်စဉ်ျွှာ အချိန်တန်လို့ ပျောက်ကွယ်ရမယ့် ဆီးလမ်းကြောင်းဖြစ်ရာနေရာ Urachus ကမွေး ဖွားစဉ် သို့မဟုတ် မွေးဖွားပြီးချိန် ဆက်လက်ကျန်ရှိနေလျှင် ဆီးအိမ်၏လည်သိမ်နေရာတွင် ပိတ်ဆို့ခြင်း သို့မဟုတ် ဆီးပြွန် Urethra ကို သေသေချာချာစစ်ဖို့လိုပါတယ်။ ယင်း Urachal အရည်အိတ်မှာ ရောဂါပိုး ဝင်လျှင် ဆီးပြွန်မူမမှန်လမ်းကြောင်းဖြစ်ပေါ်လာပါတယ်။ အဲဒီလူတွေမှာ ကင်ဆာဖြစ်တတ်ပါတယ်။ အဲဒီ လမ်းကြောင်း ကို ခွဲစိတ်ဖယ်ရှားရပါတယ်။

၃။ မူမမှန်ဆီးလမ်းကြောင်းဟာ စအိုပေါက်မပါလာတဲ့ ကလေးတွေမှာ တွဲကာတွေ့တတ်ပါတယ်။

ထိခိုက်ဒဏ်ရာကြောင့် ဖြစ်လာတဲ့ Fistula အကြောင်းရှင်းပြပေးပါ

ထိုးသွင်းဒဏ်ရာကြောင့် ခွဲစိတ်စဉ်တွင် သတိမထားမိခဲ့ပါက အနာကျက်နှေးခြင်း၊ သွေးမလျှောက်သဖြင့် ပုပ်သွားခြင်း၊ ဓာတ်ကင်ပြီးနောက် ခွဲစိတ်မှုကြောင့် ဆီးပြွန်(Ureter)မှဖြစ်ဖြစ် ဆီးအိမ်မှဖြစ်ဖြစ် ဆီးများ ပေါက်ထွက်ပြီး အဲဒီထိုးသွင်းဒဏ်ရာမှ အပြင်သို့ထွက်ကျတတ်ပါတယ်။

ဆီးအိမ်ကဆီးတွေမိန်းမကိုယ်တွင်းပေါက်ထွက်တဲ့ Vesico-Vaginal Fistula အကြောင်းရှင်းပြပေးပါ

ကလေးမွေးဖွားစဉ် အတော်ကြာမြင့် ခက်ခဲတဲ့အတွက် မိမိခါးကိုဖြစ်တတ်သလို သားအိမ်တစ်ခုလုံးကို ထုတ်ပစ်တဲ့ ခွဲစိတ်ခြင်း၊ သားအိမ်ကျွံကျကာ သားအိမ်ရှေ့မှ အပေါ်သို့ ဆွဲထုတ်ပြီး ခွဲစိတ်ခြင်း၊ သားအိမ်ခေါင်း ကင်ဆာကုထုံးဖြစ်တဲ့ ဓာတ်ရောင်ခြည်ပေးကာကုသခြင်း၊ ဆီးအိမ် နားတွင် ရှိသော အထူးသဖြင့် သားအိမ် ကင်ဆာက အနာဖြစ်ပေါ်ထွက်ပြီး ဆီးအိမ်ကို အပေါက် ဖြစ်စေခြင်း စတဲ့အကြောင်းတွေကြောင့် မမှန်တဲ့ လမ်းကြောင်းကနေ ဆီးထွက်ကျခြင်း ဖြစ်ရပါတယ်။

ဘယ်လိုလက္ခဏာတွေဖြစ်တတ်သလဲ

ဆီးဟာ မိန်းမကိုယ်နံရံက တောက်လျှောက်ထွက်ကျနေတော့ အဝမှာ ဆီးပူလောင်တာတွေဖြစ်တတ်ပါတယ်။ လက်နဲ့စမ်းကြည့်လျှင် မိန်းမကိုယ်ရဲ့ရှေ့နံရံက ထူအန်းအန်းဖြစ်နေတာကို စမ်းမိနိုင်ပါတယ်။ အထဲကို နှုတ်သီး ကိရိယာနဲ့ကြည့်ရင် ရှေ့ဘက်နံရံကနေ ဆီးထွက်ကျတာကိုတွေ့နိုင်ပါတယ်။
 

အဲဒီလိုလမ်းကြောင်းမှားတာမှာ နှစ်မျိုးရှိပါတယ်။ တစ်ခုက ဆီးပြွန်နဲ့မိန်းမကိုယ်ဆက်ခြင်း(Uretero-Vaginal) နှင့် ဆီးအိမ်နဲ့မိန်းမကိုယ်ဆက်ခြင်း(Vesicao Vaginal Fistula)ဆိုပြီး နှစ်ခုရှိပါတယ်။ ခွဲခြားနည်းက ဆေးပြားရည်(Methylene Blue)အရည်ကို ဆီးပေါက်ဝမှထိုးသွင်းပြီး မိန်းမကိုယ်ထဲ Swab ထည့်ထားလျှင် အပြာရောင်ထွန်းလင်းလျှင် Vesico Vaginal လို့ခေါ်တဲ့ ဆီးအိမ်နဲ့မိန်းမကိုယ်အပေါက်ဖြစ်ခြင်းလို့ သတ်မှတ် နိုင်ပါတယ်။
ကုသနည်းကတော့ မိန်းမကိုယ်မှတစ်ဆင့် ပေါက်ထွက်တဲ့နေရာကို ခွဲစိတ်ဖယ်ရှားပြီး ပြန်ချုပ်ရပါတယ်။

ကျောက်ကပ်နဲ့ အရေပြား(သို့မဟုတ်)အူလမ်းကြောင်းဆက်မိတဲ့ မူမမှန်လမ်းကြောင်း အကြောင်း ရှင်းပြ ပေးပါ

ကျောက်ကပ်တီဘီကြောင့် ကျောက်ကပ်ပျက်ဆီးခြင်းနှင့် နာတာရှည်အရည်အိတ်မှတစ်ဆင့် အူသိမ်အူမကြီး သို့မဟုတ် အရေပြားနဲ့ဆက်ပြီး ဆီးတွေဟာ ဆီးခုံရိုးရဲ့ဘောတစ်ဖက်မှာ ယိုထွက်တဲ့အပေါက်ဖြစ်စေပါတယ်။ ဆီးကျောက်ဟာ အဲဒီမူမမှန်အပေါက်ကနေ ထွက်ကျတတ်ပါတယ်။

ရောဂါပိုးဝင်ကာ မူမမှန်လမ်းကြောင်းဖြစ်ရခြင်းအကြောင်း ရှင်းပြပေးပါ

အူမကြီးကဖောင်းကားပြီး ရောဂါပိုးဝင်ခြင်း၊ Crohn ရောဂါ၊ အူအတက်ပြည်တည်နာ၊ ညှပ်ရိုးကွင်း ပြည်တည် ခြင်း၊ ညှပ်ရိုးကွင်းထဲ ခွဲစိတ်ခြင်း၊ ဓာတ်ကင်ခြင်းကြောင့်ဖြစ်ရပါတယ်။ ဆီးအိမ်ထဲမှန်ပြောင်းကြည့်ရင် ဆီးအိမ်မှာ နီရဲရဲယောင်နေတဲ့နေရာကွက်လိုတွေ့နိုင်သလို ဆီးအိမ်ဓာတ်မှန် (Cystogram)ရိုက်လျှင် ပြွန်ပေါက် ကို တွေ့နိုင်ပါတယ်။

ဘယ်လိုကုသမှုပေးပါသလဲ

နှစ်လ သုံးလလောက် ရောဂါပိုးနဲ့ အရောင်ရမ်းသက်သာအောင်ကုသပြီးနောက် ဆီးအိမ်နဲ့ အူမကြီးကို ခွာထုတ်ပြီး ဆီးအိမ်အပေါက်ကိုပိတ် အပြင်ကနေ ဝမ်းဗိုက်ခေါင်းမှာရှိတဲ့ Omentum ဆိုတဲ့ အဆီပြစ်နဲ့ အုပ်ထားရတယ်။
အူမကြီးကိုဖြတ်ပြီး စက်ပိုက်ဘေးကနေ ယာယီအပေါက်လုပ် ဆီးအိမ်မှာလည်း ဆီးပိုက်တပ် သုံးပတ် ကြာတော့ ဝမ်းဗိုက်ဘေးကဖောက်ထားတဲ့အပေါက်ကို ပြန်ပိတ်ရပါတယ်။

အမျိုးသားတစ်ချို့မှာ ဆီးပြွန်(လိင်တံ)ဘေးကနေ ဆီးထွက်ကျတဲ့လူတွေရှိပါတယ်။ ဘာကြောင့် ဖြစ်ရ တာပါ လဲ?

ဆီးပြွန်(Urethra)က ကျဉ်းမြောင်းပြီး အဲဒီအထက်ကနေရာက ရောဂါပိုးဝင်တတ်ပြီး ဆီးပြွန် လမ်းကြောင်း ဘေးမှာ ပြည်တည်နာဖြစ်ပြီး အဲဒီပြည်တည်နာက ဆီးပြွန်ထဲပေါက်ထွက်ပြီး ဆီးက နဂို ရှေ့ပေါက်က မဟုတ် ဘဲ အဲဒီပေါက်ထွက်တဲ့နေရာကနေ အပြင်ကိုထွက်ကျလာပါတယ်။

တစ်ခြားရောဂါကြောင့် ဆီးအိမ်ပေါက်ပြီး ဆီးထွက်ကျတဲ့ရောဂါအကြောင်း သိလိုပါတယ်

ဆီးအိမ်ကင်ဆာကနေ ဝမ်းဗိုက်နံရံကိုပေါက်ထွက်တာ သားအိမ်ခေါင်းကင်ဆာကနေ ဆီးအိမ်ပေါက်ထွက်တာ သားအိမ်၊ အူမကြီးကင်ဆာကနေ ဆီးအိမ်ထိရောက်ပြီး ပေါက်ထွက်တာတွေရှိတတ်ပါတယ်။ ကုသမှုဟာ ရှည်ကြာတတ်သလို ခက်ခဲမှုရှိပါတယ်။ သက်သာအောင်လုပ်တဲ့နည်းကို အများဆုံးလုပ်တတ်ကြပါတယ်။

Post a Comment

0 Comments