Ticker

6/recent/ticker-posts

ဆီးလမ်း၊ ကျောက်ကပ်တွေမှာ ကျောက်တည်ခြင်း

 Male Doctor Talking Examining Female Patient Hospital Office Healthcare  Medical Stock Photo by ©BiancoBlue 212661954

 ကျောက်ကပ်

ကျောက်ကပ်ဟာ ခန္ဓာကိုယ် အတွင်း အညစ်အကြေးစွန့်အင်္ဂါ တစ်စုံဖြစ်ပြီး ဝမ်းဗိုက်အပေါ်ပိုင်း အနောက် ဘက်မှာ တည်ရှိတယ်။ ပုံသဏ္ဍာန်က ပဲစေ့ပုံရှိပြီး ယင်းရဲ့ တာဝန်က ခန္ဓာကိုယ်အတွင်းရှိ အရည်နှင့် ဓာတ်ဆား မျှခြေကို ထိန်းသိမ်းထားပြီး ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များ စွန့်ထုတ် ပေးတဲ့လုပ်ငန်း၊ ကျောက်ကပ်ဟာ သွေးကြောများ၊ ပြွန်ငယ်များ နဲ့ ဆံခြည်မျှင် သွေးကြောများနဲ့ ဖွဲ့စည်းထားတယ်။ ကျောက်ကပ် က စစ်ထုတ်လိုက်တဲ့ အရည် နဲ့ ဓာတ်ဆားများက ကတော့ချွန်ပုံသဏ္ဍာန် ပြွန်ငယ်များမှတစ်ဆင့် ဆီးပြွန်အတွင်း ဝင်ရောက်ကာ ဆီးအိမ်အတွင်း ရောက်ရှိသွားတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်မှာ ကျောက်တည်ရင် ကျောက်များရဲ့ပိတ်ဆို့မှုကြောင့် ကျောက်ကပ် က သူ့ရဲ့တာဝန်ကို အပြည့်အဝ မဆောင်ရွက်နိုင်တော့ဘူး။

ကျောက်ကပ်ဟာ အပူပိုင်းဒေသ နေထိုင်ကြသူတွေမှာ အဖြစ်များတယ်။ အလုပ်ကြမ်းလုပ်လို့ ချွေးထွက်များ သူများ၊ ပင်လယ်စာ၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် နဲ့ ဆားဓာတ်များတဲ့ အစားအစာများ နှစ်ရှည်စားသုံးကြရင်၊ သောက်ရေထဲ ထုံးပါဝင်မှုများရင်၊ ကွမ်းစားများရင်၊ အသက်ကြီးတဲ့အခါ သွေးတိုး ရောဂါ (၅ဝ) ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ရောဂါ (၂ဝ) ရာခိုင်နှုန်း တွေ့ရှိရပါတယ်။

ရေသောက်နည်းရင် ဆေးသောက်နည်းတယ်။ ရေကို လုံလုံ လောက်လောက် မသောက်ရလို့ ခန္ဓာကိုယ်မှာ ဓာတ်ပစ္စည်းများ မပျော်ဝင်နိုင်တဲ့ ကယ်လ်စီယမ် အောက်ဆဲလိတ် နဲ့ ယူရစ်အက်စစ်မှုန့်များက ကျောက်တည် စေတယ်။ ဆီးလမ်းကြောင်း ရောင်ခြင်း၊ ပိုးဝင်ခြင်းတို့မှလည်း ကျောက်တည်ခြင်း ဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံး (၁) အောက်ဆဲလိတ် ကျောက်၊ (၂) ကယ်လ်စီယမ်ကျောက် (၃) ယူရစ်အက်ဆစ် ကျောက်ဖြစ် တယ်။

နေရာ

(၁) ကျောက်ကပ်ထဲနေရာ အနှံ့အပြား

(၂) ဆီးပိုးပြွန်တစ်လျှောက် နေရာအနှံ့အပြား

(၃) ဆီးအိမ်တွင်းနေရာ

လက္ခဏာ

(၁) အလွန်အမင်းခါးနာခြင်း

(၂) ရုတ်တရက်ဗိုက်အောင့်ခြင်း

(၃) ဆီးသွားရခက်ခြင်း

(၄) ဆီးကျဉ်၊ ဆီးအောင့်ခြင်း ကျောက်ကပ်မှာ ကျောက်စတည်ရင် ကျောက်ကပ်က သူ့ရဲ့လုပ်ငန်း ကောင်းစွာ မလုပ်နိုင်လို့ ဆီးများ လာတယ်။ ညဘက် မကြာခဏ ဆီးသွားတယ်။ အစမှာ မျက်နှာဖောရောင်နေပြီး နောက်မှ တစ် ကိုယ်လုံးဖောရောင်တယ်။ ကျောက်တည်ခြင်း လေ့လာတဲ့အခါ ယူရစ် အက်ဆစ်ကြောင့် ကျောက်တည် ခြင်းများတယ်။ ကိုယ်ဝန်ဆောင် အချို့မှာ ကျောက်ကပ်ကျောက် တည်ခြင်းဖြစ်တတ်တယ်။ ကွမ်းစား၊ ကွမ်းသွေးရည်မျိုချသူများ ကျောက်တည်ခြင်း ဖြစ်စေတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆီးသွား နည်းခြင်း၊ ဆီးသွားရာမှာကျန်ခြင်း၊ ကျဉ်ခြင်းဖြစ်ရင် မိသားစုဆရာဝန် နဲ့ စမ်းသပ်စစ်ဆေးကုသမှု ခံယူသင့် တယ်။

နောက်ဆက်တွဲရောဂါများမှာ ကျောက်ကပ်၌ ကျောက်တည်ရာမှ သွေးထဲ ယူရစ်အက်ဆစ်များလာ ပြီးခြေဆစ်၊ လက်ဆစ်များတွင်ယူရစ်အက်ဆစ်များ စုပုံလာကာ ဂေါက် (Gout) ရောဂါဖြစ်လာတယ်။ အစားအစာများမှ ကယ်လ်စီယမ် ဖော့စဖိတ်ဓာတ်၊ ကယ်လ်စီယမ် အောက်ဆဲလိတ်ဓာတ်များ စုပ်ယူပြီးစွန့်ပစ်ခြင်းကြောင့် ကယ်လ်စီယမ်ဓာတ်များ စုပုံလာကာ (Hypercalcemia) ရောဂါဖြစ်လာတယ်။

ကျောက်တည်ခြင်း ရောဂါခံစားရတာ ကြာလာတာနဲ့အမျှ ဆီးပြွန်အတွင်း အက်ဆစ်ဓာတ်များလာပြီး ဟိုက်ပါ သိုင်းရွိုက်ရောဂါ နဲ့ ယူရီးယားများတဲ့ရောဂါ၊ ကျောက်ကပ်အားနည်းခြင်းတို့ ဖြစ်လာပြီး အူလမ်းကြောင်း ရောင်ယမ်းခြင်း ဖြစ်စေတယ်။

စမ်းသပ်ခြင်း

စီတီရိုက်ခြင်း၊ အာထရာ စောင်း ရိုက်ခြင်း၊ ဓာတ်မှန်ရိုက် ခြင်း (ကိုယ်ဝန်ဆောင်အမျိုးသမီး များအား ဓာတ်မှန် ရိုက်ပါ။ ဆီးထဲ မှ ကျောက်ဝင်ခြင်းရှိမရှိ စစ်ဆေး ခြင်း၊ ဆီးအရောင်စစ်ဆေးခြင်း၊ ဆီးစစ်ဆေးရာမှာ ကျောက်ပါ ဝင်မှု တွေ့ရှိရပါက ကျောက်တည်ခြင်း ဖြစ်နိုင်ပါတယ်။ ဆီးရဲ့အရောင်က နို့အရောင်လို ဖြူနေရင် (သို့) အနည်နှစ်များရှိနေရင် ကျောက်တည် ခြင်းဖြစ်နိုင်ပါတယ်။

ကျောက်ကပ်ကျောက်တည် သူများမစားသင့်သော အစာများ

နို့ နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အနီရောင်အသားများဖြစ်တဲ့ အမဲသား၊ သိုးသား၊ ဆိတ်သား၊ ကြက်ဆင်သား၊ ပင်လယ်စာဖြစ်တဲ့ ပင်လယ် ခရု၊ ဂုံး၊ ပုစွန်၊ ကဏန်းစတဲ့ ပင်လယ်သတ္တဝါ တွေရဲ့ ခန္ဓာကိုယ်မှာ မီးစုန်းဓာတ်ပါ လို့ရှောင်ရမယ်။ အရက်၊ ဘီယာ၊ ပြုပြင်ဖန်တီးထားတဲ့ အချိုရည်မျိုးစုံ၊ ကော်ဖီ၊ လက်ဘက်ရည်၊ ချောက လက်၊ ဟင်းနုနယ် အလွန်အကျူး မစားသင့်ပါ။ တာရှည်ခံငါးသေတ္တာ၊ ကြက်၊ ဝက်အူချောင်း၊ အသားလုံး၊ အသားပြား၊ အသင့်စားခေါက်ဆွဲ၊ တညင်းသီး၊ ကွမ်းယာနှင့် ဘီယာ သောက်ခြင်း တို့ဟာ ကျောက်ကပ် နဲ့ မတည့်ပါ။

စားသင့်သောအစားအစာများ

ကြက်သား၊ ငါးကြင်း၊ ငါးခူ၊ ငါးရံ့ စတဲ့ရေချိုငါးများ၊ အိုမီဂါ (၃) ဖက်တီးအက်စစ်ပေါတဲ့ ငါးများ(ဆဲလ်မွန်၊ တူနာ၊ မက်ကာရယ်၊ ဆာဒင်းငါးများ)၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကန်စွန်းဥ၊ ခရမ်းသီး၊ ပန်းငရုတ်ပွ၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များဖြစ်တဲ့ မြင်းခွာရွက်၊ ကန်စွန်း ရွက်၊ မုန်ညင်းဖြူ၊ ကညွတ်။

သင့်တင့်သောအသီး

စတော်ဘယ်ရီ၊ ဘယ်ရီသီး၊ သင်္ဘောသီး၊ ပန်းသီး၊ ဖရဲသီး၊ နာ နတ်သီး၊ သခွားမွှေး၊ သရက်သီး၊ တရုတ်ဆီးသီး၊ ချယ်ရီသီး၊ သံပရာသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နေကြာစေ့၊ ဖရုံစေ့၊ သစ်ကြားစေ့။

စားသင့်တဲ့အဆီ

သံလွင်ဆီ၊ နေကြာဆီ၊ ဟင်းရွက်ဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ။

မစားသုံးသင့်တဲ့အဆီ

စားအုန်းဆီ၊ ဝက်ဆီ၊ တိရစ္ဆာန် မှရတဲ့အဆီများ မသုံးသင့်ပါ။

ကျောက်ကပ် ကျောက်တည် လူနာများနဲ့ အသင့်တော်ဆုံးအစာ မှာ ကျောက်ဖရုံသီးဟင်းချို နဲ့ အုန်း စိမ်းရည် သောက်ခြင်းဖြစ်တယ်။

ကျောက်ကပ်ရောဂါဟာ အန္တရာယ် ကြီးမားလာပြီး တိတ်တဆိတ်လူ သတ်ရောဂါအဖြစ် တင်စားခေါ်ခံရတဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ရောဂါမဖြစ်ရအောင် ရေများများသောက် ရမယ်။ ရောဂါမဖြစ်မီ ကြိုတင်ကာ ကွယ်ရမယ်။ ဆီးသွားချင်ရင်အောင့် မထားရပါ။ 

ဆီး အလွယ်တကူစွန့် ပေးရမယ်။ ကျောက်ကပ်ပျက်စီး စေမယ့် တညင်းသီး ရှောင်ရမယ်။ တညင်းသီး တစ်လုံး ဟာ ကျောက်ကပ်ဆဲလ်တစ်လုံးကို ပျက်စီးစေတယ်။ နေ့စဉ်အားကစား နာရီဝက် (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ်သင့်ပါတယ်။ သည်လို ကိစ္စရပ်များရှောင်ခြင်း၊ ဆောင်ခြင်းက ကျောက်ကပ် ကျောက်တည် ခြင်းမှ ကင်းဝေးပါတယ် ( ဒေါက်တာလွင်သန့်)

Post a Comment

0 Comments