Ticker

6/recent/ticker-posts

“ဆီးမကြာခဏသွားခြင်း”

 5 foods to avoid eating during your period | Food News – India TV

 ဆီးမကြာခဏသွားသောအခြေအနေ (Overactive Bladder) ခံစားနေရသူသည် ဆီးသွားခြင်းကို မထိန်းချုပ် နိုင်ဘဲ ဆီးစိမ့်ထွက်ခြင်း၊ တနေ့လုံး မကြာခဏ ဆီးသွားရမှု ဖြစ်စေနိုင်ပါသည်။

ထိုအခြေအနေသည် ဦးနှောက်နှင့် ဆီးအိမ်ဆက်သွယ်မှု မှားယွင်းသွားခြင်းကြောင့် ဖြစ်သည်။ ဦးနှောက်မှ ဆီးအိမ်သို့ ဆီးသွားရန် အချိန်ကျလာပြီဟု အသိပေးချက် ပေးပို့လိုက်သော်လည်း ဆီးအိမ်တွင် ဆီးမပြည့် သေးပေ။ ရလဒ်အနေဖြင့် ဆီးအိမ်ကျုံ့လာပြီး ဆီးသွားချင်စိတ်ကို ဖြစ်စေနိုင်သည်။

 

လက္ခဏာများ

ဆီးမကြာခဏသွားခြင်းကြောင့် လက္ခဏာများစွာ ခံစားရနိုင်ပြီး လူနေမှုဘဝကိုပါ ထိခိုက်စေနိုင်ပါသည်။

မကြာခဏဆီးသွားခြင်း – တစ်နေ့လျှင် ရှစ်ကြိမ်နှင့်အထက် ဆီးသွားခြင်း

ညဘက်ဆီးသွားရခြင်း – ညဘက်တွင် ဆီးထသွားရခြင်း (အများအားဖြင့်တစ်ကြိမ်မှ နှစ်ကြိမ်အထိ)

ရုတ်တရက်ချက်ချင်း ဆီးသွားခြင်း – ချက်ချင်းဆိုသလို ဆီးသွားချင်စိတ်ဖြစ်လာပြီး ဆီးမထိန်းနိုင်ဘဲ ရုတ် တရက် ဆီးသွားခြင်း

ဆီးမထိန်းနိုင်ခြင်း – ဆီးသွားချင်စိတ်ဖြစ်သည့်အခါ ဆီးစိမ့်ထွက်ကျခြင်း၊ ဆီးမကြာခဏသွားခြင်း ခံစား နေရ သူတွင် ဆီးကျန်နေသည်ဟု ခံစားရတတ်ပါသည်။ ထို့ကြောင့် ဆီးသွားပြီး မကြာခင် သန့်စင်ခန်းသို့ ပြန်သွားရတတ်သည်။

လက္ခဏာအပေါ်မူတည်ပြီး အမျိုးအစားနှစ်မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ (Overactive Bladder, dry)ဖြစ်ပြီး ဆီးမကြာခဏသွားခြင်းကို ခံစားနေရသူများ၏ သုံးပုံနှစ်ပုံတွင် ဖြစ်လေ့ရှိသည်။

ဒုတိယတစ်မျိုးမှာ(Overactive Bladder, wet)ဖြစ်ပြီး ထိုလူနာများတွင် ဆီးစိမ့်ထွက်ကျခြင်း လက္ခဏာကို တွေ့ရတတ်သည်။ Dry  လူနာများတွင်မူ ထိုလက္ခဏာ မတွေ့ရှိရပေ။

ဖြစ်နိုင်ခြေများသည့် အကြောင်းရင်းများ

အသက်ကြီးသူများတွင် ပိုတွေ့ရတတ်ပြီး အခြားအကြောင်းရင်းများစွာလည်း ရှိပါသည်။

– ခွဲစိတ်ခြင်းကြောင့် အာရုံကြောထိခိုက်ထားသူများ

– ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် တင်ပုဆုံပိုင်း ထိခိုက်ဒဏ်ရာရမှုကြောင့် ဆီးအိမ်ထိခိုက်ထားသူများ

– Dementia ရောဂါရှိသူများ

– ဆီးလမ်းကြောင်းပိုးဝင်သူများ

– ဆီးကျိတ်ကင်ဆာနှင့် ဆီးအိမ်ကင်ဆာ ဖြစ်ဖူးသူများ

– ဆီးအိမ်တွင် ကျောက်တည်ဖူးသူများ

– အာရုံကြောထိခိုက်သော ရောဂါရှိဖူးသူများ (ဥပမာ-ပါကင်ဆန်ရောဂါ၊‌ လေဖြတ်ထားသူများ)

– ဆီးအိမ်ကို လှုံ့ဆော်မှုပေးနိုင်သော အစားအသောက်များ (ဥပမာ- အရက်/ဘီယာ၊ ကက်ဖင်းဓာတ်များ၊ အပူအစပ်အ‌စားအစာများ)

Post a Comment

0 Comments