Ticker

6/recent/ticker-posts

ဦးနှောက်အကျိတ် (Brain Tumor)

  Ventricles Of The Brain Diagram, HD Png Download , Transparent Png Image -  PNGitem

နားထင်များတွင် ဖိအားတိုးမှုကို ထပ်တလဲလဲ ခံစားနေရပါက ဦးနှောက်အတွင်း ကင်ဆာ(သို့) ကင်ဆာ မဟုတ်သော အလုံး/အကျိတ်များ ရှိနေနိုင်ကြောင်း ကြုံတောင့်ကြုံခံ အခြေအနေတစ်ရပ်အဖြစ် သိထား သင့်သည်။

“ရောဂါလက္ခဏာများ” 

– ပျို့ချင်/အန်ချင်၊ မအီမသာဖြစ်ခြင်း

– မောပန်းခြင်း – ကိုယ်တစ်ခြမ်းထုံခြင်း၊ တောင့်ခြင်း

– ခန္ဓာကိုယ်ဟန်ချက်မညီခြင်း

– အမြင်ဝါးလာခြင်း

– တက်ခြင်း

– စိတ်ထြွေပားခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း

– ပြောဆိုဆက်ဆံရာ၌ အခက်အခဲဖြစ်ခြင်း

– ပတ်ဝန်းကျင်နှင့် ကင်းကွာခြင်း

– ပင်ကိုယ်စရိုက်ပြောင်းလဲခြင်း

ကုသမှု- ဆရာဝန်နှင့် အမြန်ဆုံး ပြသစစ်ဆေးသင့်သော အခြေအနေဖြစ်သည်။ အကျိတ်အရွယ်အစား၊ တည်နေရာနှင့် ကင်ဆာဟုတ်/မဟုတ် ဆိုသည့်အချက်များအပေါ် မူတည်၍ စတီးရွိုက်ဆေးပေးခြင်း၊ ခွဲစိတ် ဖယ်ရှားခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ကင်ဆာဆေးသွင်းခြင်း စသည့်နည်းလမ်းတို့ကို ရွေးချယ် ကုသနိုင်သည်။

“ဆရာဝန်နှင့် မဖြစ်မနေ သွားရောက်ပြသသင့်ချိန်” 

နားထင်များတွင် ဖိအားတိုးမှုကိုထပ်တလဲလဲ ခံစားလာရခြင်း၊ ခေါင်းတစ်ခြမ်း အဆက်မပြတ်ကိုက်ခြင်း၊ ရုတ် တရက် အလွန်ပြင်းထန်စွာ ခေါင်းထိုးကိုက်ခြင်း၊ ခေါင်းကိုက်သည့်အကြိမ်ရေ သိသာစွာ တိုးလာခြင်း၊ မကြာ ခဏ ပြင်းထန်စွာ ခေါင်းကိုက်မှုနှင့်အတူ မူလရောဂါအခံရိြှခင်း စသည့်လက္ခဏာများ ခံစားနေရပါက ဆရာဝန်နှင့် အမြန်ဆုံးပြသပြီး လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ အချိန်မီ ပြုလုပ်ရန် လိုအပ်သည်။ အချုပ် ဆိုရသော် သာမန်လူတစ်ဉီးအနေဖြင့် နားထင်ဖိအားတိုးခြင်းကို အကြောင်းအမျိုးမျိုးကြောင့် ကြုံတွေ့ ခံစား ရနိုင်သည်။ သို့ဖြစ်ရာ နေ့စဉ်ဘဝတွင် စိတ်ဖိစီးမှုများကို လျှော့ချခြင်း၊ လူနေမှုပုံစံ ပြုပြင် ပြောင်းလဲ ခြင်းတို့ကို အဓိက လုပ်ဆောင်ရမည့်အပြင် လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီး အကြံဉာဏ် ရယူသင့်ကြောင်း တိုက်တွန်း ရေးသားလိုက်ပါသည်။ Crd: ယု(ဆေး-၁)

Post a Comment

0 Comments