Ticker

6/recent/ticker-posts

ထောပတ်သီး ကောင်းကျိုးများ

ထောပတ်သီးလို့ပြောလိုက်တာနဲ့ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ လူသိများပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဘာတွေကောင်းလဲဆိုတာ အသေးစိတ်သိဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ထောပတ်သီးမှာပါတဲ့ Monounsaturated fatty acid တစ်မျိုးဖြစ်တဲ့ Oleic acid က သွေးတွင်း LDL ကိုလက်စထရော (မကောင်းတဲ့ ကိုလက်စထရော) ကိုကျစေပါတယ်။ ဒါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ကို တဖက်တလမ်းက ကာကွယ်ပေးသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေပါတယ်။

၂။ ထောပတ်သီးမှာ ပိုတက်ဆီယမ် ကြွယ်ဝတဲ့အတွက် သွေးတိုးကျစေပါတယ်။ ဒါပေမယ့် ပိုတက်ဆီယမ်များ တဲ့အတွက် ကျောက်ကပ်ရောဂါဝေဒနာရှင်တွေမှာတော့ သတိထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှစားပါ။

၃။ အမျှင်ဓါတ်များတဲ့အတွက် ဝမ်းချုပ်တတ်တဲ့သူတွေမှာ ဝမ်းမှန်စေပါတယ်။

၄။ အမျှင်ဓါတ်ကြွယ်ဝတဲ့အတွက် စားလိုက်ရင် အဆာခံပြီး တချို့ဝိတ်ချတဲ့နေရာမှာ သုံးပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားသင့်တာကတော့ ထောပတ်သီးက ဝိတ်ကျစေတယ်ဆိုပြီး တခါစား သုံးလေးလုံးလောက် စားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ ထောပတ်သီးစားရင် အဆာခံတဲ့အတွက် ထပ်မစားချင်တော့တာကြောင့် ဝိတ်ကျနိုင်တယ်လို့ ဆိုတာပါ။ သွယ်ဝိုက်ပြီး အကျိုးပြုတာဖြစ်ပါတယ်။ အများကြီးစားရင်တော့ ထောပတ် သီးက ကယ်လိုရီများတဲ့အတွက် ဝလာစေပါတယ်။

၅။ ဗီတာမင် C နဲ့ ဗီတာမင် E ပါတဲ့အတွက်ကြောင့် အသားအရေကို စိုပြေဝင်းလက်စေပြီး Melatonin အလွန် အကျွံထုတ်တာကို ကာကွယ်ပေးကြောင့် အသားအရေမည်းညစ်တာကိုလည်း သက်သာစေပါတယ်။

၆။ ထောပတ်သီးက အထက်မှာဖော်ပြထားတဲ့အတိုင်း အာဟာရဓါတ်စုံလင်အောင် ပါဝင်ပါတယ်။ (Health Care)

Post a Comment

0 Comments