Ticker

6/recent/ticker-posts

Aging အိုမင်းရင့်ရော်ခြင်းကို ဘယ်လို လွန်ဆန်နိုင်မလဲ?

 Gallery ~ Grow Up Yourself

 လူရယ်လို့ဖြစ်လာရင် ဘယ်သူမှ အိုမင်းရင့်ရော်ခြင်းကို မလွန်ဆန်နိုင်ပါဘူး။ အသက်ကြီးလာတာနဲ့အမျှ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေဟာ ပိုမို ပီပြင်လာပြီး ဇီဝကမ္မဖြစ်စဉ်တွေဟာလည်း နှေးကွေးလာပါတယ်။ အခုဖော်ပြပေးမှာကတော့ အိုမင်းရင့်ရော်ခြင်းကို သဘာဝအတိုင်း နှေးကွေးစေနိုင်မယ့် နေထိုင်နည်း အလေ့ အကျင့် တွေပဲ ဖြစ်ပါတယ်။

(၁) သကြားစားသုံးမှုကို လျှော့ပါ

သကြားဓာတ် စားသုံးမှုများခြင်းဟာ နှလုံးရောဂါ၊ ဆီးချိုနဲ့ အဝလွန်ခြင်းတွေကို ဖြစ်စေနိုင်တဲ့အပြင် ခန္ဓာ ကိုယ်ရေဓာတ် ခမ်းခြောက်ခြင်းနဲ့ အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ်ကိုပါ လျင်မြန်စွာဖြစ်ပေါ်စေနိုင်တာကြောင့် သကြားစားသုံံးမှုကို ထိန်းချုပ်သင့်ပါတယ်။

(၂) ဗီတာမင်စီ ပါဝင်တဲ့ အစားအစာတွေကို ပိုမို စားသုံးပါ

လေ့လာမှုတွေအရ အချဉ်ဓာတ်များပြီး ဗီတာမင်စီ ပါဝင်မှုများတဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပြီး အရေးကြောင်းတွေ ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါ တယ်။

(၃) မှောက်အိပ်တဲ့ အကျင့်ကို ရှောင်ကြဉ်ပါ

အိပ်တဲ့အခါ မှောက်အိပ်တတ်တဲ့ အလေ့အကျင့်ဟာ မျက်နှာအရေပြားနဲ့ ခေါင်းအုံးတို့ ပွတ်တိုက်မှု များခြင်း ကနေ အရေးကြောင်းတွေကို ဖြစ်ပေါ်လာစေနိုင်တာကြောင့် မှောက်အိပ်ခြင်းကို ရှောင်ကြဉ် သင့်ပါ တယ်။

(၄) အိပ်ရေးဝဝ အိပ်စက်ပါ

အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ အသားအရေ ဆဲလ်တွေကို အသစ်တဖန် ပြန်လည် မြှင့်တင်ပေးနိုင်တာကြောင့် အရေးကြောင်းတွေ ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ်ကို နှေးကွေးစေနိုင်ပါတယ်။

(၅) အသက်ရှု လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

အသက်ရှု လေ့ကျင့်ခန်း ပြုလုပ်ခြင်း တနည်းအားဖြင့်ပြောရရင် တရားထိုင်ခြင်းဟာ အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေတဲ့ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်မှု လွန်ကဲခြင်းနဲ့ အတွေးလွန်ခြင်းတို့ကို ဖယ်ရှား ပေးနိုင်တာ ကြောင့် နေ့စဉ်ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။ (Ref. www.health.com)

Post a Comment

0 Comments