အဓိကအားဖြင့် ဆီးချိုနှစ်မျိုးရှိပြီး ယင်းတို့ကို ဆီးချိုရောဂါအမှတ်-၁ (Type 1 diabetes) နှင့် ဆီးချိုရောဂါအမှတ်-၂ (Type 2 diabetes) ဟုခေါ်ပါသည်။ အဆိုပါ အမျိုးအစား (၂) ခုတွင် အကျုံး မဝင်သည့် ဆီးချိုနောက်ထပ် (၂) မျိုးမှာ ကိုယ်ဝန်ဆောင်စဉ်ဖြစ်သည့် ဆီးချိုရောဂါ (Gestational diabetes) နှင့် ဂလူးကို့စ် ကောင်းစွာ အသုံးမပြုနိုင်သော အခြေအနေ သို့မဟုတ် အကြိုဆီးချို (Impaired glucose tolerance) ဟူ၍ ရှိပါသေးသည်။
🔹 ဆီးချိုရောဂါအမှတ်-၁
--------------------------------
အင်ဆူလင်
ထုတ်ပေးသည့် ပန်ကရိယရှိ ဘီတာဆဲလ်များ ပျက်စီးသွားသဖြင့် အင်ဆူလင်
လုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့် ဖြစ်ရသော ဆီးချိုရောဂါဖြစ်သည်။
ကလေးဘဝ ကတည်းက ဖြစ်လေ့ရှိ၍ Juvenile or Childhood-onset diabetes ဟုလည်း
ခေါ်သည်။ အင်ဆူလင် ထိုးဆေး မပေါ်မီက သက်ဆိုးမရှည်ဘဲ ကလေးဘဝမှာပင် သေဆုံး
ကြရသည်။ အင်ဆူလင်နှင့်သာ ကုသရသဖြင့် အင်ဆူလင်ကို မှီခိုနေရသော
ဆီးချိုအမျိုးအစား (Insulin dependent diabetes) ဟုလည်းခေါ်သည်။
ယနေ့အချိန်အထိ ကာကွယ်ရန် နည်းလမ်းမရှိသေးပေ။
ရောဂါလက္ခဏာအနေနှင့်
ကျန်းမာနေသော ကလေးတစ်ယောက်မှာ ရုတ်တရက်ဆိုသလို ဆီးများများ သွားခြင်း
(Polyuria)၊ ရေငတ်ခြင်း (Polydipsia)၊ အမြဲဆာလောင်နေခြင်း (Constant
hunger)၊ ကိုယ်အလေးချိန် ကျသွားခြင်း (Weight loss)၊ မျက်စိအမြင်အာရုံ
ထိခိုက်ခြင်း (Vision changes) နှင့် နုံးခွေခြင်း (Fatigue) တို့
ဖြစ်လာတတ်သည်။ ဆီးစစ်၊ သွေးစစ်ပြီး ဆီးချိုရောဂါမှန်း သိသည်နှင့်
အင်ဆူလင်ထိုးဆေး ပေးလိုက်ပါက ချက်ချင်းပြန်ကောင်းသွားပြီး
ပုံမှန်ပြန်ဖြစ် သွားသည်။ များသောအားဖြင့် အင်ဆူလင်ကို တစ်သက်လုံး ထိုးဖို့
လိုအပ်သည်။
🔹 ဆီးချိုရောဂါအမှတ်-၂
-------------------------------
ပန်ကရိယရှိ
ဘီတာဆဲလ်များမှ အင်ဆူလင် ထုတ်ပေးနိုင်သော်လည်း အင်ဆူလင် အာနိသင်
လျော့နည်းနေသဖြင့် ဖြစ်ပွားရသော ဆီးချိုရောဂါဖြစ်သည်။ အသက် ၄၀ ကျော်မှ
ဖြစ်လေ့ရှိ၍ လူကြီးပိုင်းမှ စတင်ဖြစ်သည့် ဆီးချိုရောဂါ (Adult-onset
diabetes) ဟူ၍လည်းကောင်း၊ အင်ဆူလင်နှင့် ကုသရလေ့ မရှိ၍ အင်ဆူလင် မှီခိုကင်း
ဆီးချိုရောဂါ (Non-insulin dependent diabetes) ဟူ၍လည်းကောင်း
ခေါ်လေ့ရှိသည်။ အဓိက အကြောင်းအရင်းအနေနှင့် ကာဘို ဟိုက် ဒြိတ်ကို
လိုအပ်သည်ထက် ပိုစားခြင်း၊ အဝလွန်ခြင်းနှင့် လှုပ်ရှားမှု
နည်းခြင်း တို့ ကြောင့်ဖြစ်သည်။
ဆီးချိုရောဂါအမှတ်-၁ မှာကဲ့သို့ ရုတ်တရက် ချက်ချင်း ဖြစ်လေ့မရှိဘဲ တဖြည်းဖြည်းချင်းသာ ဖြစ် လေ့ ရှိရာ လူနာကိုယ်၌က ဆီးချိုဖြစ်လို့ဖြစ်နေမှန်း မသိဘဲ နေတတ်သည်။
ရောဂါလက္ခဏာများမှာလည်း သိသိသာသာကြီး ပြလေ့မရှိဘဲ နောက်ဆက်တွဲ ဝေဒနာများ ဖြစ် တော့မှသာ သိရလေ့ရှိ၍ ဤဆီးချိုရောဂါကို အသံတိတ်လူသတ်သမား (Silent killer) ဟုလည်း တင်စားခေါ်ဝေါ်လေ့ရှိသည်။
0 Comments