Ticker

6/recent/ticker-posts

မျက်လုံးတွေ ရောင်နေတာကို သက်သာစေဖို့

 Anxiety May Cause Eye Pain

မျက်လုံးတွေ ဘာကြောင့်ရောင်ရတာလဲ?မျက်လုံးတွေ ရောင်ရတဲ့ အကြောင်းအရင်းက တစ်ခု မကရှိနိုင်ပါတယ်။

  • ငိုထားလို့
  • မျက်လုံးခြောက်လို့
  • နှာစေးလို့
  • ချောင်းဆိုးလို့
  • အငန် အစားများလို့
  • ဓာတ်မတည့်လို့
  • မျက်စိပိုးဝင်လို့
  • ထိခိုက်မိလို့ စတာတွေကြောင့် မျက်လုံးတွေ ရောင်နိုင်ပါတယ်။

မျက်လုံးတွေ ရောင်နေတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။

ရေအေးဝတ် ကပ်ပါ

ရေအေးဝတ် ကပ်တာက မျက်လုံးတွေ မို့အစ်တာကို သက်သာစေနိုင်ပါတယ်။ အရေပြားတွေ မအီမသာ ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတွေက ရောင်နေမယ်ဆိုရင် အဝတ်စသန့်သန့်လေးကို ရေအေးအေးလေး ဆွတ်ပြီး မျက်လုံးတွေအပေါ်မှာ မိနစ် ၂၀ ကနေ ၃၀ လောက် ကပ်ထားပေးပါ။

ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေခဲကပ်ပေးလို့လည်း ရပါတယ်။ ရေခဲကပ်ပေးတဲ့အခါ အရေပြားပေါ်ကို တိုက်ရိုက် ကပ်တာမျိုး မလုပ်ပါနဲ့။ အရေပြား အအေး ဒဏ်ကြောင့် လောင်စေနိုင်လို့ပါ။ ၁၀ မိနစ်လောက် ကပ်ပြီးတိုင်း နာရီဝက်၊ ၁၅ မိနစ်လောက် နားပေးပါ။

ဒီလို ကပ်ပေးတာက မျက်လုံးတဝိုက်က သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး မျက်လုံးတွေ ရောင်နေတာကို သက်သာစေနိုင်မှာပါ။

အအေးခံထားတဲ့ စတီးဇွန်း ကပ်ပါ

ရေစင်အောင်ဆေးထားတဲ့ စတီးဇွန်း သန့်သန့်လေးကို ရေခဲသေတ္တာ အပေါ်ကန့်ထဲ ထည့်ပြီး အအေးခဲ ထားလိုက်ပါ။ ပြီးရင် ဇွန်းအေးအေးလေးနဲ့ မျက်လုံးကို ကပ်ပေးပါ။ ခပ်ဖွဖွလေး ဖိကပ်ပေးပါ။ ဒါမှ မျက်လုံးတဝိုက် သွေးစီးဆင်းမှု ကောင်းစေမှာပါ။ ဘေဘီလေးတွေရဲ့ သွားယားကိုက်လေးတွေကို အအေးခံပြီးတော့လည်း မျက်လုံးပေါ်မှာ ကပ်ပေးလို့ ရပါတယ်။

သခွားသီး ကပ်ပါ

သခွားသီးကို ခပ်ပါးပါး လှီးပြီး ရေခဲသေတ္တာထဲ ထည့်လို့ အအေးခံလိုက်ပါ။ ပြီးရင် မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ် – မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ ခွာလိုက်ရုံပါ။

အာလူး ကပ်ပါ

အာလူးတွေကို အဝိုင်းလိုက် ခပ်ပါးပါးလေး လှီးပါ။ ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံလိုက်ပါ။ ပြီးရင် မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ် – မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ ခွာလိုက်ရုံပါ။

လက်ဖက်ခြောက်အိတ် ကပ်ပေးပါ

သုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေကလည်း tannins နဲ့ ကဖင်း ပါဝင်တာကြောင့် ရောင်နေတဲ့ မျက်လုံးတွေကို အရောင်ကျစေနိုင်ပါတယ်။ လက်ဖက်ခြောက်အိတ်ကို အအေးခံပြီး မျက်လုံးတွေပေါ်မှာ ကပ်ပေးတာက မျက်လုံးအရောင်ကျစေနိုင်ပါတယ်။

အအေးခံထားတဲ့ လက်ဖက်ခြောက်အိတ်ကို မျက်လုံးပေါ်မှာ မကပ်ခင် မိနစ် ၂၀ လောက် ရေခဲသေတ္တာထဲမှာ အအေးခံထားပေးပါ။ ပြီးရင် မိနစ် ၃၀ လောက် မျက်လုံးပေါ်မှာ ကပ်ပေးရုံပါ။

မျက်စဉ်း ခတ်ပေးပါ

မျက်စဉ်းခတ်တာကလည်း မျက်လုံးတွေ ရောင်တာကို သက်သာစေနိုင်မယ့် နည်းလမ်းတစ်ရပ်ပါ။ မျက်လုံးခြောက်တာကို သက်သာစေနိုင်သလို မျက်စိ ဓာတ်မတည့်တာကိုလည်း သက်သာစေနိုင်ပါတယ်။ မျက်စိနာတာကို သက်သာစေဖို့ဆိုရင်တော့ ဆရာဝန် ညွှန်ကြားတဲ့ မျက်စဉ်း ခတ်ပေးလို့ ရပါတယ်။

အချို၊ အငန် လျှော့စားပါ

အချို၊ အငန် အစားများတာကြောင့်လည်း မျက်လုံးတွေ ရောင်နိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတွေ ရောင်နေမယ်ဆိုရင် အချိုအငန်စတာတွေကို တတ်နိုင်သမျှ လျှော့စားပေးပါ။

ရေများများ သောက်ပါ

ခန္ဓာကိုယ်ထဲမှာ ရေလုံလောက်မှု မရှိတာကလည်း မျက်လုံးတွေကို ရောင်စေတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။ ဒါကြောင့် မျက်လုံးရောင်နေတာကို သက်သာစေဖို့ဆိုရင် တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက် ပြည့်အောင် သောက်ပေးပါ။

မျက်လုံးတွေ ရောင်နေတာကို သက်သာစေဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

ဘယ်လို အခြေအနေမှာ ဆေးခန်း ပြမလဲ။

အပေါ်က ပြောပြခဲ့တဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပေမယ့် မျက်လုံးတွေ ရောင်တာက မသက်သာဘူးဆိုရင် ဒါမှမဟုတ် အချိန်တော်တော်ကြာတဲ့အထိ မျက်လုံးကရောင်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ မျက်လုံးရောင်တာက ပိုပိုဆိုးလာမယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာလေး ပြသကြည့်ဖို့ လိုပါမယ်

Post a Comment

0 Comments