Ticker

6/recent/ticker-posts

" ခါး နာဝေဒနာရှင်များအတွက် "


 May be an image of 1 person
 

ရိုးရိုးခါးနာဖြစ်တတ်သလို ကျောက်ကပ်ရောဂါကြောင့်လည်း ခါးနာနိူင်တယ်ဆိုတာ သိပြီးပြီလာ:? ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့ အခြေအနေ ရောက်မှသာ သိကြတာမို့ ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိထားမိအောင် ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်မယ့်လက္ခဏါ(၉)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁)#အချိန်တိုင်းလိုလိုမောပန်းနေခြင်း
ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့် တော့တာကြောင့် မောပန်းပြီး လေးလံ ထိုင်းမှိုင်းလာတတ်ပါတယ်။ အာရုံစူးစိုက် နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆို ရင် သတိထားဖို့လိုပါတယ်။
(၂)#ခံတွင်းပျက်ခြင်း
ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်း ကောင်းအရသာ မခံနိုင်တဲ့အတွက် အလိုလို အစားနည်းပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။
(၃)#မျက်လုံးတစ်ဝိုက်မို့နေခြင်း
ကျောက်ကပ်ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အတွက် ပြတဲ့လက္ခဏာ တစ်ခုလို့ဆို ရမှာပါ။
(၄)#အိပ်မပျော်ခြင်း
ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ် တော့ရင် ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့အစား သွေးထဲကို အဆိပ်အတောက်ဝင်သွားတာကြောင့်ပါ။
(၅)#ဆီးနဲ့ပတ်သက်ပြီးထူးခြားမှုများကြုံခြင်း
ဆီးမကြာခဏသွားချင်တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆသင့်ပါဘူး။
(၆)#ခြေဆစ်လက်ဆစ်များရောင်ရမ်းခြင်း
ဒီလက္ခဏာကတော့ ကျောက်ကပ်ရောဂါသာမက နှလုံးနဲ့အသည်း ရောဂါရှိနေရင်လည်း ပြတတ်ပါတယ်။
(၇)#အသားအရေခြောက်ခြင်း
ယားယံခြင်းကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကို ရောက်သွားတဲ့အတွက်ပါ။
(၈)#မူးဝေအော့အန်ခြင်း
ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အတွက် သတိပြုစရာအချက်ပါ။
(၉)#ဟီမိုဂလိုဘင်လျော့ကျခြင်း
ကျောက်ကပ်ပျက်စီးတဲ့အခါ လုံလောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်းမရှိတော့တဲ့အတွက် သွေး အားနည်းရောဂါ ဖြစ်လာစေပါတယ်။ (crd; Healt & beauty)

Post a Comment

0 Comments