-

အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးများ သောက်လျှင် ဖြစ်ပေါ်လေ့ရှိသည့် အစာအိမ်ထိခိုက်ခြင်း၊ ကျောက်ကပ် ထိခိုက်ပျက်စီးခြင်းမျိုးလည်း မတွေ့ရှိရပေ။ နာနတ်သီးစားလျှင် အရေပြား အညိုအမည်းစွဲခြင်းကို ပိုမိုလျင်မြန်စွာ သက်သာပျောက်ကင်းစေပါသည်။
ဥပမာ အားကစားသမားများ (ဘောလုံး၊ လက်ဝှေ့) တွင် မကြာခဏ ထိခိုက်ဒဏ်ရာကြောင့် အညိုအမည်းစွဲ (Bruise) ရာတွင် နာနတ်သီးမစားသည့်သူများထက် စားသုံးသည့်သူများက ပိုမိုလျင်မြန်စွာ သက်သာပျောက်ကင်းကြောင်း သုတေသနစာတမ်းများက ဆိုပါသည်။
ဘရိုမယ်လိန်း သာမက အခြားပါဝင်သော အာဟာရဓာတ်ပစ္စည်းများ (ဥပမာ ဗီတာမင် စီ) တွင်လည်း အနာကျက်မြန်စေသော အာနိသင်ရှိသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် အမျိုးသမီးများ လစဉ်ဓမ္မတာလာစဉ် ကိုက်ခဲသည့်ဝေဒနာ (Dysmenorrhea) ကိုလည်း သက်သာစေသည်။

ဥပမာ နှလုံးကိုသွားသော သွေးကြောလေးများပိတ်လျှင် နှလုံးချက်ချင်းရပ်၍ (Heart attack) သေဆုံးနိုင်ပြီး ဦးနှောက်သို့သွားသော သွေးကြောလေးများပိတ်လျှင် လေဖြတ်ခြင်း (Stroke) ဖြစ်တတ်ပါသည်။

ထို့ကြောင့် နာနတ်သီးသည် နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ၊ ရင်ဘတ်မကြာခဏအောင့်သူများ၊ သွေးတိုးရောဂါရှိသူများ၊ ခြေထောက်ရှိ သွေးကြောများ သွေးသိပ်မလျှောက်၍ နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ခြေထောက်များဖောခြင်း၊ သွေးကြောများဖောင်းနေခြင်း၊ သွေးကြောများ ရောင်ရမ်း ပိတ်ဆို့ခြင်း (Thrombophlebitis) တို့အတွက် အထူးသင့်တော်သောကြောင့် စားသုံး သင့်သော သစ်သီးတစ်ခု ဖြစ်သည်။
ဒေါက်တာခင်မောင်လွင် (FAME)
0 Comments