Ticker

6/recent/ticker-posts

သွေးအားနည်းရောဂါ

 -Asian women wear a mask are holding their heads because of headaches. She  has a fever

 သွေးအားနည်းရောဂါဆိုသည်မှာ သွေးနီဥထဲမှာပါတဲ့ ဟေမိုဂလိုဗင် (Hemoglobin) လို့ခေါ်တဲ့ အနီရောင်ဓာတ် တွေ လျော့နည်းသွားလို့ ဖြစ်ပါတယ်။ လူကိုကြည့်လိုက်ရင် ဖြူဖပ်ဖြူရော် လေးဖြစ်ပြီး အမောမခံနိုင်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း စတဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ 

 အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးသူငယ်တွေမှာ အဖြစ်များပါတယ်။ ဟေမိုဂလိုဗင် လျော့နည်းရတဲ့ အကြောင်းရင်းတွေထဲမှာ သံဓာတ်ချိုတဲ့လို့ ဖြစ်တဲ့ သွေးအားနည်းရောဂါ (Iron deficiency anemia) ဟာ အဓိကဖြစ်ပါတယ်။ 

 

ကိုယ်ဝန်ဆောင်မှာဖြစ်ရင် မိခင်ရောကလေးပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်စရှိပြီ ဆိုကတည်းက အာဟာရဓာတ်တွေဟာ လူနှစ်ယောက်စာ လိုလာတယ်။ အမေလုပ်တဲ့သူက ခါတိုင်းလိုပဲ ကိုယ်ဝန်မရှိခင်ကလိုစားတော့ လုံလောက်မှုမရှိတဲ့အတွက် သွေးအားနည်းရောဂါ ဖြစ်လာလေ့ရှိပါတယ်။

Post a Comment

0 Comments