Ticker

6/recent/ticker-posts

သွေးကျဲစေတဲ့အရာကို မျှော့တွေက ထုတ်ပေး

 May be a close-up

မျှော့တစ်ကောင်မှာ ဦးနှောက် ၃၂ လုံး၊ အစာအိမ် ၁၀ လုံး၊ နှလုံး ၂ ခု၊ မေးရိုး ၃ ခုနဲ့ သွားအချောင်းရေ ၃၀၀၊ မျက်လုံး ၅ စုံ ပါဝင်ပါတယ်။ မျှော့တွေမှာ အဖိုမျိုးပွားအင်္ဂါနဲ့ အမမျိုးပွားအင်္ဂါ ၂ ခုလုံး ပါဝင် ပေမဲ့ အင်္ဂါ ၂ ခုလုံး တပြိုင်တည်း အလုပ်မလုပ်တဲ့အတွက် မိတ်လိုက်ဖော်တော့ ရှာဖွေရပါတယ်။ 


မျှော့တွေက သွေးအများအပြား စုပ်ယူလေ့ရှိပြီး သွေးစုပ်တဲ့အခါ ထုံစေတဲ့အရာနဲ့ သွေးကျဲစေတဲ့ကို ထုတ်ပေးလို့ သွေးစုပ်ခံနေရသူက နာကျင်မှုကို သိပ်သတိမထားမိပါဘူး။ မျှော့တွေဆီက ထုတ်ပေးတဲ့ သွေးကျဲစေတဲ့အရာကို သွေးမခဲအောင် ကုသဖို့ အသုံးပြုလေ့ရှိပြီး ဆေးဝါးထုတ်လုပ်ဖို့လည်း အသုံး ပြုပါတယ်။ မျှော့တွေဆီကထွက်တဲ့ သွေးကျဲစေတဲ့အရာဟာ ကမ္ဘာပေါ်မှာ အာနိသင် အကောင်းဆုံး ဖြစ်လို့ပါပဲ။ Ref: Guardian

 

Post a Comment

0 Comments