Ticker

6/recent/ticker-posts

သိုင်းရွိုက်ဟော်မုန်းများ ရှိသင့်သည့်ပမာဏ ?

 May be an illustration of one or more people and text that says "Bulging eyes caused by Graves' disease Goiter ဂရေပ်ရောဂါ ဖြစ်နေသူကိုကြည့်လျှင် လည်ပင်းအကျိတ်မှာ မျက်နှာပြင် ညီညာစွာကြီးနေပြီး မျက်လုံးနှစ်ဖက်စလုံး ပြူးနေလေ့ရှိသည်။"

 သိုင်းရွိုက်ရောဂါများထဲတွင် သိုင်းရွိုက်ဟော်မုန်းများ ရှိသင့်သည့်ပမာဏထက် ပိုမိုများပြားနေသည့် အခြေအနေမှာ အဖြစ်အများဆုံး ဖြစ်သည်။ ဖြစ်ရသည့် အကြောင်းအရင်းမှာလည်း ဖြစ်ပွားသည့် အသက်အရွယ်၊ ကျား/မ၊ နေရာဒေသ အစရှိသည်တို့အပေါ် မူတည်၍ ကွဲပြားသွားလေ့ရှိသည်။ 

 
အမေရိကန်နိုင်ငံတွင် အဆိုပါရောဂါ ဖြစ်ပွားနေသူမှာ လူဦးရေ၏ ၁.၂% ရှိ၍ အလွန်များပြားလှသော ပမာဏဖြစ်သည်။ ယင်းတို့အနက် ဝ.၅% သာ ရောဂါလက္ခဏာပြပြီး ဆရာဝန်ထံ လာရောက်ပြသ ခံယူခဲ့သော်လည်း ကျန် ဝ.၇% မှာ ရောဂါလက္ခဏာမပြဘဲ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွင်သာ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ သိုင်းရွိုက်ဟော်မုန်း များပြားနေသူအားလုံးကို Hyperthyroidism ဟုခေါ်၍ ယင်းတို့အနက် ရောဂါလက္ခဏာပြနေသူများကိုသာ Thyrotoxicosis ဟုခေါ်ပါသည်။ 
 
ထိုကဲ့သို့ ရောဂါလက္ခဏာ ဖြစ်လာပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်၍ အထူးသတိထားရမည့် အခြေအနေဟု ဆိုနိုင်သည်။ သိုင်းရွိုက်ဟော်မုန်း ပုံမှန်ထက် များပြားနေခြင်းမှာ လူတစ်ဦးနှင့် တစ်ဦး မတူညီကြပေ။ အောက်ပါအခြေအနေများမှာ သိုင်းရွိုက်ဟော်မုန်း များရသည့် အကြောင်းအရင်းများ ဖြစ်သည်။ 
 
🔸️ ဂရေ့ဗ်ရောဂါ
🔸️ အကျိတ် အများအပြား ရှိနေသည့် လည်ပင်းကြီးရောဂါ
🔸️ အကျိတ် တစ်လုံးတည်းသာ ရှိသည့် လည်ပင်းကြီးရောဂါ
🔸️ သိုင်းရွိုက်အကျိတ် ရောင်ခြင်း
🔸️ အိုင်အိုဒင်းကြောင့်ဖြစ်သော သိုင်းရွိုက်ဟော်မုန်း များခြင်း
🔸️ အခြားနေရာများမှ ထုတ်လုပ်သော သိုင်းရွိုက်ဟော်မုန်းများ
🔸️ တီအက်စ်အိပ်ချ် လှုံ့ဆော်မှုကြောင့် များရခြင်း
🔸️ သိုင်းရွိုက်ကင်ဆာ
ကိုးကားချက် - "သိုင်းရွိုက်ရောဂါများ" စာအုပ်၊ အခန်း (၄) သိုင်းရွိုက်ဟော်မုန်း များနေသည့် အခြေအနေ မှ ထုတ်နုတ်ဖော်ပြသည်။ ( ဒေါက်တာခင်မောင်လွင် )

Post a Comment

0 Comments