Ticker

6/recent/ticker-posts

အသက်ကြီးသည်.အခါ ဆီးကြိတ်ရောဂါ ဖြစ်နိုင်သလား?

May be an image of text that says "ဆီးသွားပြွန် (Urethra) ဆီးကျန်လေ့ ရှိသောနေရာ အဖိခံထားရသော ဆီးသွားပြွန် ပုံမှန်ဆီးကျိတ် ကြီးနေသောဆီးကျိတ် ဆီးကျိတ်၏အလယ်မှ ဆီးသွားပြန် ဖြတ်သန်းသွားရသဖြင့် ဆီးကျိတ်ကြီးလာပါက ဆီးသွားပြွန်ကို ဖိထားသလိုဖြစ်ကာ ဆီးသွားရခက်ခြင်းဖြစ်ရသည်။"

 

အသက်ကြီးလေ ဆီးကျိတ်လဲကြီးဖို့ အလားအလာ ပိုများလေ ဖြစ်ပါတယ်။ ကြီးတဲ့နှုန်းသာ ကွာတာ ဖြစ် ပါတယ်။ မြန်မြန်ကြီးတဲ့လူကတော့ စောစောစီးစီး လက္ခဏာတွေ ခံစားရပြီး ဖြည်းဖြည်းချင်းကြီးတဲ့ သူ ကတော့ နောက်ကျမှ ခံစားရတာ ဖြစ်ပါတယ်။

 လေ့လာချက်တွေအရ အသက် ၄၀ မတိုင်မီမှာ ၁၀% ၊ အသက် ၅၀ မှာ ၃၀% ၊ အသက် ၆၀ မှာ ၅၀% ၊ အသက် ၇၀ မှာ ၇၀% ၊ အသက် ၈၀ မှာ ၈၀% ၊ အသက် ၉၀ မှာ ၉၀% နဲ့ အသက် ၁၀၀ မှာ ၁၀၀% ဖြစ်ပါတယ်။
 
အသက်ကြီးတဲ့ အမျိုးသားတွေမှာ ဆီးသွားရင် ခါတိုင်းလို မဟုတ်ဘဲ အချိန်ကြာကြာသွားရတာ ဆီးကျိတ် ကြီးတာနဲ့ ဆိုင်ပါသလား❓❓ဆိုင်နိုင်ပါတယ်။ ဆီးကျိတ်ကြီးလာရင် ဆီးကျိတ်ရဲ့ အလယ်ကနေ ဖြတ်သွားတဲ့ ဆီးသွားပြွန်ကို ဖိပါတယ်။ အဲ့ဒီအခါမှာ ဆီးနဲ့ပတ်သက်တဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ အဓိက အုပ်စု (၂) ခုခွဲထားပါတယ်။
 
(၁) Obstructive symptoms (ပိတ်ဆို့မှုကြောင့်ဖြစ်သော လက္ခဏာများ)
==================>>============================
- ဆီးစပြီးသွားဖို့ ခက်ခဲပါတယ်
- စသွားရင်လည်း ခါတိုင်းလိုတစ်ခါထဲ များများမသွားဘဲ နည်းနည်းနဲ့ အကြာကြီးသွားရတတ်ပါတယ်
- ဆီးသွားလို့ပြီးသွားရင်လည်း ဆီးအိတ်ထဲမှာ ဆီးကျန်သလို ခံစားရပါတယ်
 
(၂) Irritative symptoms (လှုံ့ဆော်မှုကြောင့်ဖြစ်သော လက္ခဏာများ)
===========================================
- မကြာခဏ ဆီးသွားချင်စိတ်ဖြစ်ပြီး ဆီးခဏခဏလဲ သွားပါတယ်
- ဆီးသွားချင်ပြီဆိုတာနဲ့ ခါတိုင်းလိုမအောင့်ထားနိုင်ဘဲ ချက်ချင်းသွားတတ်ပါတယ်
- ဆီးသွားတဲ့အခါမှာ ဆီးပြွန်တစ်လျှောက် ကျင်တာတို့ နာတာတို့ ဖြစ်တတ်ပါတယ်
အဲ့ဒီလက္ခဏာတွေထဲက တစ်ခုခုဖြစ်ပြီဆိုရင်တော့ ဆီးကျိတ်ကြီးရောဂါ ဖြစ်နေပြီလို့ သတိပြုသင့်ပါတယ်။ 
 
ဆီးကျိတ်ကြီးတဲ့ရောဂါဟာ ဘယ်လိုလူမျိုးမှာ ပိုပြီး စောစောဖြစ်ပါသလဲ❓❓
ဆီးကျိတ်ကြီးတဲ့ရောဂါ (BPH) ဖြစ်ရခြင်းဟာ လူတွေရဲ့မျိုးရိုးဗီဇ၊ အနေအထိုင်၊ အစားအသောက်ပေါ် မူတည်ပြီးတော့ ကွာခြားမှုရှိပါတယ်။
🔺 မျိုးရိုးဗီဇနဲ့ကြည့်ရင် အဖိုးတို့အဖေတို့မှာ ဆီးကျိတ်ကြီးတာစောခဲ့ရင် သားလုပ်တဲ့သူမှာလဲ ပိုပြီးဖြစ်တတ်ပါတယ်။
🔺 အိမ်ထောင်သည်အမျိုးသားတွေဟာ တစ်ကိုယ်ရေလူပျိုကြီးတွေထက် ပိုပြီးဖြစ်လေ့ရှိပါတယ်။
🔺 ကမ္ဘာ့အနောက်ခြမ်း ဥပမာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အနေအထိုင် အစားအသောက်ပုံစံကြောင့် ဖြစ်ပါတယ်။
🔺 အရက်သောက်တဲ့သူ အထူးသဖြင့် ဘီယာသောက်သုံးမှုများတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။
🔺 ဝမ်းချုပ်လေ့ရှိတဲ့သူတွေ (Chronic constipation) မှာ ပိုဖြစ်တတ်ပါတယ်။
🔺 အဆီအစိမ့်တွေ (Fatty diet) များများစားသူတွေမှာ ပိုအဖြစ်များပြီး ဟင်းသီးဟင်းရွက်စားသူ (Vegetarian) တွေမှာ အဖြစ်နည်းပါတယ်။
🔺 လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်သူတွေမှာ အဖြစ်နည်းပြီး လေ့ကျင့်ခန်းလှုပ်ရှားမှု မလုပ်သူတွေမှာ ပိုဖြစ် ပါတယ်။
🔺 စိတ်ပူပင်သောက (Stress) များသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
ဒါကြောင့်မို့ သဘာဝအသီးအနှံ များများစား၊ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်၊ အရက်ဘီယာတို့ကိုရှောင်ပြီး စိတ်ပူပင်မှုအဖြစ်မခံဘဲ ပျော်အောင်နေတတ်မယ်ဆိုရင် ဆီးကျိတ်ရောဂါ မဖြစ်အောင် ကာကွယ်ပြီး ဖြစ်တယ်လို့ ပြောလိုပါတယ်။ (ဒေါက်တာခင်မောင်လွင် )

Post a Comment

0 Comments