Ticker

6/recent/ticker-posts

ဘလူးဘယ်ရီသီး (Blueberry)

 May be an image of fruit-

🫐 ဘလူးဘယ်ရီသီး (Blueberry) သည် မြောက်အမေရိကတိုက်ရှိ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ စသည့်နိုင်ငံများမှ အဓိကထွက်ရှိပါသည်။ မြန်မာပြည်တွင် ယခင်က ဘလူးဘယ်ရီသီးမှာ သိပ်ခေတ်မစား လှသော်လည်း ယခုအခါ စားသုံးသူများလာပြီး ဈေးဆိုင်များတွင် ဘလူးဘယ်ရီသီးကို အသီးအနေနှင့် လည်း ကောင်း၊ ဖျော်ရည်၊ ဒိန်ချဉ်၊ ကိတ်မုန့်၊ ကွတ်ကီးစသဖြင့် အမျိုးအစား စုံလင်စွာ ဝယ်ယူရရှိနိုင်ပါသည်။ အရသာ ကောင်း၍ လူအများ နှစ်ခြိုက်ကြသည့် ဘလူးဘယ်ရီသီးသည် ကျန်းမာရေးကိုလည်း များစွာ အထောက်အကူ ပြုပေးနိုင်ကြောင်း တွေ့လာရပါသည်။
 
🫐 ဘလူးဘယ်ရီသီးတွင် အာဟာရဓာတ်များ စုံလင်စွာ ပါဝင်ရုံသာမက ကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင်သော ပိုလီဖီနောလစ် ကွန်ပေါင်းများ (Polyphenolic compounds) လည်း ကြွယ်ဝစွာ ပါဝင်ပါသည်။ အဓိကအားဖြင့် ပရိုအန်သိုဆိုင်ရာနီဒင် (Proanthocyanidins) များ ပါဝင်ပြီး အလွန်ဆေးဖက်ဝင်ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတကာ သုတေသန စာတမ်းများအရ ဘလူးဘယ်ရီသီးသည် ကင်ဆာ​ရောဂါများကို ကာကွယ်ကုသရာတွင် အသုံးဝင်သော အာနိသင်ရှိကြောင်း သိရသဖြင့် အဆိုပါအာနိသင်အကြောင်းကို အနည်းငယ် မျှဝေလိုပါသည်။
 
🫐 ဘလူးဘယ်ရီသီးကို ကင်ဆာဆဲလ်များတွင် စမ်းသပ်ကြည့်ရာ ပါးစောင်၊ အစာအိမ်၊ ရင်သား၊ ဆီးကျိတ်နှင့် အူမကြီး ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရသည်။
 
🫐 ဘလူးဘယ်ရီသီး ဖျော်ရည်နှင့် ဘလူးဘယ်ရီသီး အဆီအနှစ်တို့အပြင် အဓိကပါဝင်သော ဆေးဖက်ဝင် ဓာတ်ပေါင်းများဖြစ်သည့် Proanthocyanidins, Procyanidins နှင့် Flavonoids ဓာတ်ပေါင်းများက အဆိုပါ အာနိသင်ကို ပေးနိုင်ကြောင်း တွေ့ရပါသည်။ 
 
🫐 ဘလူးဘယ်ရီသီးတွင်ရှိသော ဓာတ်တိုးဆန့်ကျင်အာနိသင်နှင့် ခန္ဓာကိုယ်အတွင်း မကောင်းသော ဆဲလ်များ ကို သေစေသော Apoptosis ဖြစ်စဉ်ကို အားပေးသည့် အာနိသင်တို့သည် ကင်ဆာရောဂါ ခံစားနေရသူများတွင် များစွာ အကျိုးပြုနိုင်ပါသည်။
 
🫐 ဘလူးဘယ်ရီသီးတွင်ရှိသော ဓာတ်တိုးဆန့်ကျင်အာနိသင်နှင့် မျိုးဗီဇပြောင်းလဲမှုကို ကာကွယ်ပေးသော အာနိသင် (Anti-premutagenic activity) တို့သည် ဗီတာမင်-စီနှင့် တန်းတူမျှ အစွမ်းထက်ကြောင်းကိုလည်း တွေ့ရပါသည်။ 
 
ထို့ကြောင့် "အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုသကဲ့သို့ စားကောင်းပြီး ကျန်းမာရေးအတွက်လည်း များ စွာ အထောက်အကူပြုပေးနိုင်သော ဘလူးဘယ်ရီသီး နှင့် ဘလူးဘယ်ရီသီး ပါဝင်သော အစားအသောက် များ ကို ပုံမှန်စားသုံးပေးသင့်သလို ဘလူးဘယ်ရီသီးမှ ထုတ်လုပ်ထားသော သို့မဟုတ် ဆေးဖက်ဝင် Proantho-cyanidins (PAC) ဓာတ်ပေါင်းပါဝင်သည့် သဘာဝဖြည့်စွက်ဆေးများကို ပုံမှန်မှီဝဲပေးခြင်းဖြင့် ကျန်းမာသုခကို ရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ Crd: ဒေါက်တာခင်မောင်လွင် (FAME)

Post a Comment

0 Comments