Ticker

6/recent/ticker-posts

လိုင်ချီးသီး နှင့် ဆီးချိုရောဂါ

 May be an image of fruit and text that says 'ဆီးချိုဝေဒနာရှင်များ လိုင်ချီးသီးစားပေးပါက ကျန်းမားရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။'

 


လိုင်ချီးသီးသည် သကြားဓာတ် ၁၅% ကျော်ပါသည့် သစ်သီးဖြစ်ပြီး ချိုပြီးမွှေးသော အရသာ ရှိသောကြောင့် ယခင်ကတည်းက ဆီးချိုသွေးချို လူနာများကို မကျွေးခိုင်းပါ။ သို့သော် ၂၀၁၅ နောက်ပိုင်း ထွက်ပေါ်လာသည့် သုတေသနစာတမ်းများအရ ဆီးချိုဝေဒနာသည်များသည် လိုင်ချီးသီးစားလျှင် ဆီးချိုမတက်သည့်အပြင် အကျိုးကျေးဇူးများစွာ ရရှိကြောင်း တွေ့ရပါသည်။ ယင်းတို့မှာ-
🔹 သွေးတွင်း ဂလူးကို့စ်ဓာတ် ကျဆင်းအောင် ကူညီပေးခြင်း - လိုင်ချီးသီးတွင် ပါဝင်သော ဖိနောလစ်ဒြပ်ပေါင်းများကြောင့် ဖြစ်ပါသည်။ ထို့အပြင် ရှေ့တွင်ပြောခဲ့သော ဟိုက်ပိုဂလိုက်စင်-အေကြောင့် အသည်းမှ ဂလူးကို့စ်များ ထပ်မထွက်လာအောင် ပြုလုပ်ပေးပါသည်။
 
🔹 ကြွက်သားများထဲသို့ ဂလူးကို့စ်များ ဝင်ရောက်နိုင်ရန် အားပေးခြင်း - လိုင်ချီးသီးတွင်ပါဝင်သော အော်လီဂိုနယ်များကြောင့် အင်ဆူလင်၏ လုပ်ငန်းဆောင်တာများကို ကောင်းစေပြီး ကြွက်သားများတွင် လှုံ့ဆော်သောကြောင့် ဂလူးကို့စ်များသည် ကြွက်သားထဲဝင်ပြီး အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် ဆီးချိုကြောင့် ကြွက်သားများ အာဟာရပြတ်ပြီး သိမ်သွားခြင်းမှ ကာကွယ်ပေးပါသည်။
 
🔹 ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ပျက်စီးခြင်း (Diabetic nephropathy) ကို ကာကွယ်ပေးခြင်း - အော်လီဂိုနယ်များသည် ကျောက်ကပ်ဆဲလ်များ မပျက်စီးအောင် ကာကွယ်ပေးပါသည်။
 
🔹 ဆီးချိုကြောင့် မျက်စိတိမ်စွဲရောဂါ (Diabetic cataract) ကို ကာကွယ်ပေးခြင်း - လိုင်ချီးသီးတွင် ပါဝင်သော Beta-galactopyranoside များသည် အဲလ်ဒို့စ် ရီဒက်ဒေ့စ် (Aldose reductase) အင်ဇိုင်းများကို ဟန့်တားပေးခြင်းဖြင့် မျက်စိတိမ်စွဲရောဂါကို ကာကွယ်ပေးပါသည်။

Post a Comment

0 Comments