Ticker

6/recent/ticker-posts

ပန်းသေပန်းညှိုးမဖြစ်စေရန် ရှောင်ကြဉ်နည်း

 May be an image of 2 people, drink, indoor and text

ပန်းသေပန်းညှိုးမဖြစ်စေရန် ရှောင်ကြဉ်ရမည့်အချက်များ
------------------------------------
⚠️ ဆေးလိပ် လုံးဝမသောက်ပါနှင့်။
⚠️ အဆီအအိမ့်များသော အစားအစာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။ (ဥပမာ- ဝက်သားအဆီ၊ ထောပတ်၊ ဆီကြော်မုန့်များ၊ ကြက်သားကြော်၊ ငါးကြော်၊ အာလူးကြော်များ)
⚠️ အရက်၊ ဘီယာကို များများမသောက်ပါနှင့်။
⚠️ သဘာဝမဟုတ်သော အချိုရည် များများမသောက်ရပါ။
⚠️ အဝမလွန်အောင် ဂရုစိုက် နေထိုင်စားသောက်ပါ။
⚠️ ပန်းသေပန်းညှိုးဖြစ်စေသည့် ဆေးဝါးများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်နိုင်ရန် မိမိကို ကုသနေသော ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ဆေးများကို သောက်ပါ။ မိမိသဘောအတိုင်း ဆေးများကို မသောက်ရပါ။
⚠️ စိတ်ဖိစီးမှုမဖြစ်အောင် ဂရုစိုက်ပါ။
⚠️ ပူနွေးသော အစားအစာများကို ပလတ်စတစ်ဖြင့်ထည့်ပြီး မစားရပါ။
 
ပန်းသေပန်းညှိုးရောဂါ ကာကွယ်ရန် လုပ်ဆောင်သင့်သည်များ
--------------------------------------------------------------------
🔹 အရည်ရွှမ်းသော သစ်သီးများ နေ့စဉ်စားပေးပါ။
🔹 အထူးသဖြင့် ဖရဲသီး၊ စပျစ်သီး၊ တလည်းသီးတို့ကို ပိုစားပေးပါ။ ငှက်ပျောသီးကို မကြာခဏစားပေးပါ။
🔹 အာဟာရဓာတ် ပြည့်ဝအောင် စားပါ။ ထမင်းစားလျှင် ထမင်းနှင့်ဟင်းကို မျှတစွာ စားသုံးပါ။
🔹 ဟင်းသီးဟင်းရွက် မျိုးစုံပါအောင် စားပါ။
🔹 အခွံမာသော သစ်စေ့များ (ဥပမာ- သစ်ကြားသီး) မကြာခဏ စားပေးပါ။
🔹 အိပ်ရေး၀၀အိပ်ပါ။
🔹 နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး မိနစ် ၃၀ လုပ်ပေးပါ။ သို့မဟုတ် လမ်းလျှောက်ပါ။
🔹 အကောင်းမြင်ဝါဒကို လက်ကိုင်ထားပါ။ ပျော်ရွှင်အောင်နေပါ။
🔹 စိုးရိမ်ပူပန်စိတ်များ လျော့နည်းအောင်နေပါ။
🔹 တရားထိုင်ခြင်း၊ ယောဂကျင့်စဉ် ပြုလုပ်ခြင်းတို့ကို လုပ်နိုင်လျှင် ကောင်းပါသည်။

ကိုးကားချက် - "ပန်းသေပန်းညှိုးရောဂါ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။ 
ဒေါက်တာခင်မောင်လွင် (FAME)

Post a Comment

0 Comments