Ticker

6/recent/ticker-posts

ခေါင်းမူးခြင်း? ခေါင်းကိုက်ခြင်း ?

47,206 Asian Headache Stock Photos, Pictures & Royalty-Free Images - iStock.

ခေါင်းမူးခြင်းတွင် ခံစားရမှုအမျိုးမျိုးပါဝင်သည်။ ဥပမာ သတိလစ်ချင်သလိုဖြစ်ခြင်း၊ ခေါင်းမူးခြင်း၊ အားနည်း၍ မူးခြင်း၊ ချာချာလည်အောင်မူးခြင်းတို့ပါဝင်သည်။ မကြာခဏခေါင်းမူးခြင်းကြောင့် ကျန်းမာရေး အပေါ် ထိခိုက်မှုများရရှိနိုင်ပါသည်။ သို့သော် ခေါင်းမူးခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်မှု နည်းသည်။ ခေါင်းမူးခြင်း၏ ကုသမှုသည် ဖြစ်စေသည့်အကြောင်းအရာနှင့် လက္ခဏာပေါ်မူတည်သည်။ ခေါင်းမူးခြင်းကို ကုသရာတွင် အလွန်ထိရောက်သော်လည်း ခဏခဏပြန်ဖြစ်နိုင်သည်။


လက္ခဏာများ 

 လူတစ်ယောက်ခေါင်းမူးပါက ခံစားရသောလက္ခဏာများမှာ

(၁) ချာချာလည်အောင် မူးခြင်း

(၂) သတိလစ်မလိုဖြစ်ခြင်း (သို့) ခေါင်းပေါ့ခြင်း

(၃) ရိပ်ခနဲမူးပြီး မိမိကိုယ်ကို မထိန်းနိုင်ခြင်း

(၄) ခေါင်းလေးခြင်း


ဖြစ်ပွားရသောအကြောင်းရင်းများ

 ခေါင်းမူးခြင်းဖြစ်စေသည့် အကြောင်းအရင်းများစွာရှိသည်။ နားအတွင်း ချို့ယွင်းချက်ရှိနေခြင်း၊ ကားမူးခြင်း၊ လှေမူးခြင်း၊ လေယာဉ်မူးခြင်း၊ ဆေးကြောင့်မူးခြင်း၊ တခါတရံ ကျန်းမာရေးမကောင်း၍လည်း မူးနိုင်သည်။ ခံစားရသော ခေါင်းမူးခြင်းကိုလိုက်၍ ဖြစ်နိုင်သည့်အကြောင်းအရင်းကို သဲလွန်စပေးသည်။ ခေါင်းမူးလျှင် ကြာသောအချိန်နှင့် အခြားလက္ခဏာများကလည်း အထောက်အကူပြုသည်။ 


နားအတွင်းပိုင်း ထိခိုက်မှုရှိ၍မူးခြင်း

• လူတစ်ယောက်မတ်မတ်ရပ်နိုင်အောင် ခန္ဓာကိုယ်တွင်းရှိ အာရုံခံစားမှုအဖွဲ့အစည်းများပေါင်း၍ ထိန်းထား ပေးသည်။ ထိုသို့ ထိန်းပေးထားသော ကိုယ်အင်္ဂါအဖွဲ့အစည်းများမှာ  

• မျက်လုံး = သင့်ခန္ဓာကိုယ်ဘယ်လို ရှိနေလဲဆိုတာကို ထိန်းပေးထားသည်။ 

• အာရုံကြော = သင့်ခန္ဓာကိုယ်ရဲ့ ရွေ့လျားမှုနှင့် အနေအထားကို ဦးနှောက်သိအောင် ပြုလုပ်ပေးသည်။

• နားအတွင်းပိုင်း = ကမ္ဘာ့ဆွဲအားနှင့်ရှေ့နောက်ရွေ့လျားမှုကို ထိန်းညှိပေးသည်။


ချာချာလည်အောင် မူးခြင်းဆိုသည်မှာ ဘေးပတ်လည်ရှိ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေသည်ဟု

ထင်နေခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ နားအတွင်း ချို့ယွင်းချက်ရှိပါက ဦးနှောက်က နားမှရရှိသော အချက် အလက်များသည် မျက်လုံးနှင့် အာရုံခံအာရုံကြောမှ ရရှိလာသော အချက်အလက်များနှင့် ကွာခြား၍ ဦးနှောက် မှ အဖြေမထုတ်နိုင်သောကြောင့် ချာချာလည်အောင် မူးခြင်းဖြစ်သည်။ 

အနေအထားပြောင်းလဲခြင်းကြောင့် ချာချာလည်အောင်ခေါင်းမူးခြင်း

 ဆိုသည်မှာ ရုတ်တရက် အချိန်ခဏအတွင်း ပြင်းထန်စွာ ချာချာလည်အောင် မူးခြင်းဖြစ်သည်။ ဤသို့ ဖြစ်ရခြင်းမှာ ရုတ်တရက် ဦးခေါင်းလှုပ်ရှားရမှ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဥပမာ ကုတင်ပေါ်တွင် လိမ့်ချိန်၊ ရုတ်တရက် ထိချိန်နှင့် ဦးခေါင်းပြင်းထန်စွာထိခိုက်မိချိန်များတွင် ဖြစ်တတ်စည်။ အနေအထားပြောင်းလဲ ခြင်း ကြောင့် ချာချာလည်အောင် ခေါင်းမူးခြင်းများတွင် အဖြစ်များဆုံးသော ချာချာလည်ခေါင်းမူးခြင်း တစ်မျိုး ဖြစ် သည်။

Post a Comment

0 Comments